Unicode
အပိုင်း - ၇
စံ့ကိုဘယ်လောက်ပင် လွတ်လပ်ခွင့်ပေးထားပါသည်ဆိုဆို ဒယ်ဒီတစ်ချက်လွတ်အမိန့်ထုတ်လျှင် စံမငြင်းဆန်နိုင်ပါ။အခုလည်း မန္တလေးကို လိုက်ရမည်ဆို၍သာ လိုက်လာခဲ့ရသည်။ဘာကြောင့်ဆိုတာလည်း မပြောသလို ဘယ်သွားမယ်လို့လည်း ကြိုမပြော။
"နွယ်ရုံ ဒယ်ဒီက နင့်ကို
ဘာတွေပြောသေးလဲ...""..ဘာမှမပြောဘူး မစံ... မန္တလေးကို နင့်အမ လိုက်ကိုလိုက်ရမယ်တဲ့..."
*ဟူး
စံနှင့်နွယ်ရုံ ကားပေါ်မှာ
ဒယ်ဒီဘာလို့ စံတို့ကို မန္တလေးခေါ်လဲဆိုတာကို စဉ်းစားမရဖြစ်နေကြသည်။ စံ့အတွက်တော့ မန္တလေးကို နှစ်ကြိမ်ထက်မနည်းရောက်ဖူးခဲ့သည်မို့ နေရာဒေသက သိပ်တော့မစိမ်းလှပါ။ဒါပေမဲ့ အခုဒယ်ဒီခေါ်သွားသောနေရာကို စံမသိ။ဒယ်ဒီ့ကားနောက်ကိုသာ လိုက်ရင်း ဒယ်ဒီ့ကို နားမလည်နိုင်ရှိနေသည်။💮💮💮💮💮💮💮💮💮💮💮
ဒယ်ဒီ့ကားလေးက နှစ်ထပ်တိုက်လေးရှေ့မှာရပ်သွားသည်။ဒယ်ဒီက စံတို့ကားအနားကို လျှောက်လာပြီး...
"ဒေါက်...ဒေါက်....."
စံ ကားမှန်ကို လျှောခနဲဖွင့်လိုက်၏။
"...ရောက်ပြီလား ဒယ်ဒီ...."
"..ဆင်းတော့ စံစံ...."
ဒယ်ဒီက စံ့ကိုပြောပြီးသည်နှင့် အရှေ့မှဦးဆောင်ပြီး သွားနှင့်၏။
"...နွယ်ရုံ မ ကို မက်စ်(mask) ပေး...."
ဆယ်လီပီပီ စံ့မှာ ဘယ်နေရာရောက်ရောက် မက်စ်ကြီးတကားကားနှင့်နေရသည်။
"..လာ..လာ..ဆင်းကြစို့...."
နွယ်ရုံ့လက်ကိုဆွဲ၍ ဒယ်ဒီဝင်သွားရာ တိုက်ထဲကို ဝင်လိုက်သည်။
*အိုး…မိုင်….ဂေါ့...
*ဟယ်....
စံတို့နှစ်ယောက်နှုတ်မှ အာမေဋိတ်သံတွေ ပြိုင်တူထွက်သွားသည်။တိုက်ထဲတွင် တွေ့လိုက်ရသည်မှာ ယောက်ကျားတွေချည်းပဲ ဆယ်ယောက်ကျော်လောက်ရှိမည်။အားလုံးက အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ထားကြပြီး လက်တွေရှေ့ချ၍ မတ်တတ်ရပ်နေကြသည်။ထူးခြားချက်မှာ သူတို့အားလုံး၏ body တွေက တောင့်တင်းကျစ်လစ်နေပြီး အရပ်အမောင်းတွေကလည်း မြင့်မြင့်မားမားရှိလှသည်။
YOU ARE READING
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
幻想"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."