Part 21

4.1K 118 9
                                    

Unicode

အပိုင်း ၂၁
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံ

Author - ဆာရာမူး

ပြင်ဦးလွင်လို့ကြားလိုက်သည်နှင့် ပန်းမြို့တော်ဆိုပြီး တွဲဖက်မြင်ကြသည်။သီချင်းတွေထဲမှာတော့ တောင်လှေကားမြို့တော်လို့လည်း ခေါ်ဝေါ်ကြ၏။မန္တလေးသူ/မန္တလေးသားအများစု မေမြို့လို့သာခေါ်ကြတဲ့ ပြင်ဦးလွင်မြို့လေးဟာ လည်စရာပတ်စရာပေါများလှပြီး သစ်ပင်ပန်းမန်များဖြင့် စိမ်းစိုလှပသည့် တောင်ပေါ်မြို့လေးဖြစ်သည်။

စံတို့လည်း နေရာတော်တော်များများကို ရောက်ခဲ့ပြီ။ဘယ်လောက်ပင် ရုပ်ဖျက်ပြီးသွားပါစေ စံ့ကိုချစ်မြတ်နိုးကြတဲ့ Fan တွေကတော့ မှတ်မိကြတာပင်။စံတို့ ပထမဆုံးဝင်ဖူးဖြစ်သည်က ပြည်ချစ်ဘုရားလို့ လူသိများတဲ့ မဟာအံ့ထူးကံသာဘုရားကြီးဖြစ်သည်။

ဘုရားကြီး တစ်နေရာပဲရောက်ရသေးသည်။စံ ပြင်ဦးလွင်ရောက်နေတဲ့ သတင်းက တမဟုတ်ချင်း ပျံ့နှံ့သွား၏။စံရောက်သည့်နေရာတိုင်းမှာ ဓာတ်ပုံတွဲရိုက်ဖို့စောင့်နေကြသူများက အများသားပင်။

နာမည်ကျော် အနုပညာရှင်မို့ သွားလေရာ မလွတ်လပ်သည်ကတော့ အမှန်ပဲဖြစ်သည်။တစ်ခါတလေတော့လည်း သာမန်ဘဝလေးကိုသာ လိုချင်မိ၏။

"ဒါပြီးရင် ဘယ်သွားမှာလဲဟင်...."

ဓာတ်ပုံတွေ အရိုက်ခံပြီး စံနည်းနည်းငြီးငွေ့လာ၏။ကားပေါ်ရောက်သည်အထိ မျက်နှာလေးက မသာမယာဖြစ်နေသည်။လူချောကလည်း ဒါကိုရိပ်မိသည်။

"ပွဲကောက်နဲ့ပြည်ချစ်က ဆက်နေတာ...တစ်ခါတည်းဝင်လိုက်မလား ဘော့စ်....."

ညီထူးက လူချောရဲ့အမိန့်ကို စောင့်နေ၏။

"ပိတ်ချင်းမြောင်ကိုသွားမယ်...စံရောက်နေတာ သိသွားကြပြီဆိုတော့....ပွဲကောက်မှာ စောင့်နေကြမှာ အသေအချာဘဲ....."

"Yes Boss...."

သို့နှင့် သူတို့ကားလေးဟာ ပြင်ဦးလွင်မြို့ကနေ ဆက်ထွက်လာခဲ့၏။မြို့အထွက် ဝက်ဝံရွာအလွန်ရောက်သည်နှင့် မဟာနန္ဒာမူလှိုဏ်ဂူတော်ဆိုသည့် လမ်းညွှန်လေးကို တွေ့ရသည်။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now