Unicode
အပိုင်း ၂၃
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံAuthor - ဆာရာမူး
လူချော သူမအသံတိုးတိုးလေးကို ကြားသည်နှင့် အမှောင်ရိပ်ထဲကနေ သူမခန္ဓာကိုယ်လေးကို ဖမ်းဆွဲလိုက်သည်။သူ့ရင်ခွင်ထဲပုံချလာတဲ့ ကိုယ်လုံးလေးကို တင်းတင်းကျပ်ကျပ်ဖက်ထားရင်း သူမမျက်နှာကိုပါ တစ်ဆက်တည်း ဆွဲမော့၏။
မွတ်သိပ်တဲ့အနမ်းတွေကို မျက်နှာလေးအနှံ့ကျဲချသည်။သူ့ကိုအတွေ့မခံချင်တဲ့ ကောင်မလေးကို နောက်တစ်ခါပျောက်ကွယ်မသွားအောင် ဖက်ထားမိ၏။
"ကိုကြီး လွှတ်ဦး....."
သူမပြောတာကိုမကြားသလိုပဲ လျစ်လျူရှုပြီး နမ်းပဲနမ်းနေသည်။နဖူးလေးနမ်းလိုက် ပါးလေးနမ်းလိုက် နှုတ်ခမ်းလေးကိုဆွဲကိုက်လိုက်နဲ့ စိတ်ရှိသလိုပြုမူနေ၏။
"ကိုကြီး....."
သူမရဲ့ နောက်တစ်ခွန်းခေါ်သံကြားမှ ဖက်ထားတဲ့သူ့လက်တွေကို နည်းနည်းဖြေလျော့ပေးလိုက်သည်။ဒါပေမဲ့ လုံးဝတော့လွှတ်မပေးသေးပေ။
"ကိုကြီး....."
"ပြော....."
"လက်ဖယ်....."
"မဖယ်ဘူး....."
"မဖယ်ဘဲနဲ့ မတ်တတ်ရပ်ပြီး စကားပြောရမှာလား....."
"ညောင်းရင် ကိုယ်ပွေ့ချီထားမယ်...."
"တော်ပြီ ခုံပေါ်ပဲသွားထိုင်မယ်...."
"အင်း....."
သူမတို့ရပ်နေတာက အပေါက်ဝနားမှာဖြစ်သည်။မီးလည်းမဖွင့်ရဲတော့ အမှောင်ထဲမှာပဲ စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေရ၏။
"လာ....."
"အာ....ကိုကြီး...."
"အသံမထွက်နဲ့...."
လက်လေးစမ်းတမ်းစမ်းတမ်းနဲ့ လျှောက်နေတဲ့သူမကိုယ်လေးကို သူပွေ့ချီလိုက်သည်။ချီလျက်သားနဲ့ပဲ
ဆိုဖာပေါ်ကို သူထိုင်ချ၏။"အောက်ဆင်းထိုင်မယ်....."
"ဒီလိုထိုင်တော့ ဘာဖြစ်လဲ....."
"မထိုင်ချင်ဘူး....."
"မထိုင်ချင်လည်း ထိုင်...."
YOU ARE READING
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasy"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."