1.ကံကြမ္မာနှစ်ခုမွေးဖွားလာခြင်း

599 70 8
                                    

ကောင်းကင်မှာ လျှပ်ပန်းလျှပ်နွယ်တို့က မျက်စိကျိန်းလုမတတ် လင်းလက်ကာ မိုးခြိမ်းသံတို့ကလည်း ကြီးမြတ်သော ဂိုဂူလျောနိုင်ငံတော်ကြီးတစ်ခုလုံးတုန်လှုပ်သွားတော့မတတ် မြည်ဟီးနေသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကောင်းကင်မှာ လျှပ်ပန်းလျှပ်နွယ်တို့က မျက်စိကျိန်းလုမတတ် လင်းလက်ကာ မိုးခြိမ်းသံတို့ကလည်း ကြီးမြတ်သော
ဂိုဂူလျောနိုင်ငံတော်ကြီးတစ်ခုလုံး
တုန်လှုပ်သွားတော့မတတ် မြည်ဟီးနေသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

သည်းထန်စွာရွာနေသောမိုးနှင့် ကြောက်မက်ဖွယ်မိုးခြိမ်းသံတို့ကို ဂရုမထားနိုင်ဘဲ မိမိရင်နဲ့လွယ်ထားရသောရင်သွေးငယ်လေးကို အသက်လုပြီး လောကထဲဆွဲခေါ်နေရသော
အာဂမိခင်နှစ်ဦးလည်း ရှိနေသည်။

တစ်ဦးမှာကားကြီးမြတ်သောဂိုဂူလျောနိုင်ငံတော်၏အရှင်သခင်ဘုရင်မင်းမြတ် စံတော်မူရာ နန်းတော်အတွင်းက တော်ဝင်သားဖွားဆောင်မှာဖြစ်ပြီး နောက်တစ်ဦးမှာတော့ နိုင်ငံအတွင်းရှိ
ဘုရင့်အမှုတော်ထမ်း မှူးမတ်အပေါင်းတို့တွင် အမြင့်ဆုံးရာထူးဖြစ်သော
သေနာပတိချုပ်၏အိမ်တော်တွင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဂိုဂူလျောနန်းတော်ကြီးရဲ့အထွတ်အမြတ်ဖြစ်ရာ နတ်နန်းဆောင်တွင်-

"မိုးနတ်မင်းရဲ့မျိုးဆက်များဖြစ်သော
ဂိုဂူလျောတော်ဝင်မိသားစုအတွက် ကောင်းချီးများပေးတော်မူပါ

တော်ဝင်သားဖွားဆောင်မှာအသက်လုနေရသော တိုင်းပြည်မိခင် မိဖုရားခေါင်ကြီးကို
ကြည့်ရှုစောင်မပေးတော်မူကြပါ နတ်မင်းများ

မင်္ဂလာမရှိသောအချိန်ကိုကျော်လွန်ပြီး ကံကောင်းခြင်းတွေနဲ့မွေးဖွားလာမယ့်ရင်သွေးတော်လေးဖြစ်တော်မူပါ.."

နတ်ဆရာမကြီးရဲ့ ဆုတောင်းသံဂါရဝပြုသံအဆုံးမှာတော့ လက်ထဲမှာကိုင်ထားတဲ့ ခြူလုံးကပြင်းထန်စွာတစ်ဆတ်ဆတ်လှုပ်ခါသွားခြင်းနဲ့အတူ နတ်ဆရာမပါးစပ်မှ သွေးတို့အန်ကျလာသည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now