11.သမားတော်နဲ့အတိတ်မေ့လူနာ

305 67 13
                                    

Unicode

ကြီးမြတ်သောဂိုဂူလျောနိုင်ငံတော်ကြီးတွင် စစ်ရေးအရာ၌ထူးချွန်ပြောင်မြောက်သော သူရဲကောင်းများသာ ပေါများသည်မဟုတ်၊ နယ်ပယ် ကဏ္ဍအသီးသီးတွင်ထူးချွန်ပညာရှင်များပေါများလေသည်။

သံချပ်ကာနဲ့သံမဏိကျွမ်းကျင်ပညာရှင်များကြောင့် ဂိုဂူလျောမှ ဓားလှံလက်နက်၊သံချပ်ကာများမှာ ရှီလာ၊ ဘတ်ဂျယ် ၊ ဂါယာ စသောနိုင်ငံငယ်လေးများထက်များစွာသာလွန်ကောင်းမွန်ပြီး ထန်နိုင်ငံထက်မသာလွန်လျှင်တောင်မလျော့သော အခြေအနေမှာရှိသည်။

ကုန်သွယ်စီးပွားရေး၊ လက်မှုပညာ ၊ ဂီတပညာ အစရှိသည့်နယ်ပယ်တို့မှာရှိတဲ့ ပညာရှင်အသီးသီးတို့မှာ သူ့ထက်ငါ အရည်အချင်းပြသပြီး နန်းတော်ကအသိအမှတ်ပြုခံရအောင် ကြိုးစားကြသော်လည်း ကျန်းမာရေးနယ်ပယ်မှာတော့အများနဲ့မတူအောင်ထူးခြားသည့်သမားတော် တစ်ဦးရှိလေသည်။

ထူးခြားသည်ဟုဆိုရခြင်းမှာ သူ့ထက်ငါအပြိုင်အဆိုင်ထင်ပေါ်အောင်ကြိုးစားနေကြသူများအကြား လျှို့ဝှက်ပြီးလူသိမခံသည့်အပြင် အခကြေးငွေလည်းမယူဘဲ စေတနာဖြင့်ကုသပေးသည့် တစ်ဦးတည်းသောသမားတော်ဖြစ်နေတာကြောင့်ပင်။

ထိုထူးဆန်းသည့်သမားတော်မှာ သာမန်သမားတော်တို့မကုသနိုင်သောရောဂါများကို အလွယ်တကူပင်ပျောက်ကင်းအောင်ကုသနိုင်ပြီး နတ်ဆေးသမားတော်ဟု အများကတင်စားခေါ်ဝေါ်ကြသည်။

သို့တိုင် ထိုသမားတော်၏ရုပ်ရည် ၊ အမည်နာမ ၊ အသိုင်းအဝိုင်း မျိုးရိုး ဇာတိ နေထိုင်ရာနေရာ စသည့်ပုဂ္ဂိုလ်ရေးအချက်အလက်တို့ကိုမည်သူတစ်ဦးတစ်ယောက်ကမျှ ရေရေရာရာမသိကြချေ။

နောက်ထပ်ထူးခြားသည်မှာ ထိုသမားတော်က အထက်တန်းလွှာအရာရှိလူတန်းစားများကို ကုသပေးလေ့မရှိဘဲ ဆေးကုသစရာ ပိုက်ဆံမတတ်နိုင်သော အခြေခံလူတန်းစားများကိုသာကုသပေးသောကြောင့်ဖြစ်သည်။

သမားတော်ကိုတွေ့ဖူးသူတွေပြောကြတာတော့ တစ်ကိုယ်လုံးအဖြူရောင်ဝတ်ဆင်ထားပြီး မျက်နှာကိုလည်း ပဝါအဖြူနဲ့အုပ်ထားကာ စကားကိုလည်း လိုအပ်မှသာပြောသည်တဲ့။

Majestic Love Story In Dae Goguyeo Where stories live. Discover now