53.Majestic Love Story in Dae Goguyeo

384 52 33
                                    

ထယ်ဟုမယ်မယ်( ဆောနူးမယ်တော်) နှင့် ဆောင်ဟွန်းမယ်တော်တို့ကို အကျယ်ချုပ်မှ ကင်းလွတ်စေပြီးနောက်
လစ်လပ်နေသောနန်းပလ္လင်အတွက် သင့်လျှော်မည့်သူတစ်ဦးကို ရွေးချယ်စေသည်။

ရွေးချယ်ရာတွင် ဂိူဂူလျောအတွက်အမှန်တကယ်သင့်လျော်မည့်သူမျိုးကိုသာ သေချာစိစစ်ရွေးချယ်ဖို့
ထယ်ဟုမယ်မယ်ကိုအပ်နှံလိုက်သည်။
ထယ်ဟုမယ်မယ်က ကိုယ်တိုင်လည်း စစ်ပွဲများနွှဲ လာခဲ့သောအမျိုးသမီးသူရဲကောင်းဖြစ်သည့်အပြင်
တိုင်းပြည်ရေးရာများကိုလည်း သိကျွမ်းနားလည်သူဖြစ်တာကြောင့် နန်းပလ္လင်နှင့်ဂိုဂူလျောအတွက် အသင့်လျော်ဆုံးသူကိုရွေးချယ်ပေးနိုင်မည်ဟု ဆောင်ဟွန်းယုံကြည်သည်။
နန်းပလ္လင်အတွက် သင့်တော်မည့်သူရွေးချယ်ရာတွင် ဆောင်ဟွန်းဝက်မစွက်ဖက်လိုပါ။

စစ်သူကြီးချုပ်က တော်လှန်းရေးကိုဦးဆောင်ပြီး သူချုပ်ကိုင်လို့ရမည့် ရုပ်သေးဘုရင်နန်းတင်သည်ဟု အပြောမခံနိုင်သောကြောင့်ဖြစ်သည်။

နိုင်ငံအရေးတည်ငြိမ်သွားလျှင် စစ်သူကြီးချုပ်ရာထူးမှ အနားယူပြီးဘဝရဲ့ကျန်ရှိနေတဲ့နေ့ရက်များကို ဆောန်နဲ့အတူ အေးဆေးစွာဖြစ်ကျော်မည်။

အရေးပေါ် နိုင်ငံကာကွယ်ဖို့ လိုအပ်လာချိန်မှ
ဓားဆွဲကာ တပ်ဦးတွင်ဦးဆောင်ပြီး နိုင်ငံကိုကာကွယ်မည်။ ဤသည်ကား ဆောင်ဟွန်းအမှန်တကယ်ဆန္ဒရှိသည့် ရွေးချယ်မှုပင်ဖြစ်သည်။
.
.
.
စစ်စခန်းကိုဆောင်ဟွန်းပြန်ရောက်ချိန်တွင် ညနေပင်စောင်းလုပြီ။

တစ်ဖက်မြို့တွင် တိုက်ခိုက်ပြီး အောင်နိုင်လာသော
ဂျုံဆောင်းမှာ စစ်စခန်းက ဆောင်ဟွန်း၏အလုပ်ခန်းထဲသို့ အမောတကော ဝင်လာပြီး ဆောင်ဟွန်းဆီအပူကပ်လာတော့သည်။

" ဆောင်ဟွန်း ငါ့ကို တစ်ခုကူညီဦး ဆောနူးဒယ်ဂွန်ကသမားတော်ဆိုတော့ ဒယ်ဂွန်ကိုပါအကူအညီတောင်းပေးဦး "

ဂျုံဆောင်းက အသည်းအသန်ဖြစ်နေတာကြောင့်သူ့အကြံအစည်ကိုနားထောင်ကြည့်ပြီးနောက်ဆောင်ဟွန်း
ရယ်ချင်သွားသည်။
ဒါကလှည့်စား​တာ ၊ လူလည်ကျတာ ၊ ဉာဏ်များတာဖြစ်သည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now