25. ဆောန်

459 67 24
                                    

ရေချိုးနေချိန် ရေချိုးခန်းထဲဇွတ်ဝင်လာတဲ့ဟွန်းကြောင့် ဆောနူးရှက်ရွံစိတ်တို့ဖြင့်ထူပူသွားသည်။
ရေပူနဲ့ချိုးနေတာမို့ ရေကန်ထဲမှာ အငွေ့တွေများနေ၍သာ နည်းနည်းတော်သေးသည်။

ရေချိုးနေတာမြင်တာတောင်ထွက်မသွားသေးဘဲ ရပ်ကြည့်နေတဲ့ဟွန်းက ပတ်ဝန်းကျင်ကိုမေ့လျော့နေသည့်အလားသူ့ကိုတမေ့တမောစိုက်ကြည့်နေသည်။

မဖြစ်တော့ဘူးဟုတွေးကာ ဟွန်းရှိရာဘက်ကိုကျောခိုင်းလိုက်မိမှ အခြေအနေပို၍ပင်ဆိုးသွားသည်။
ဟွန်းက သူ့နောက်ကျောမှ ဓားဒဏ်ရာအမာရွတ်ကိုတွေ့သွားသည်နှင့် တားဆီးချိန်ပင်မရလိုက်ဘဲ ရေချိုးကန်ထဲ အလောတကြီး ဝင်လာနေချေပြီ။
ထို့နောက် ပခုံးပေါ်ကနေ ဆွဲလှည့်ကာ ဆောနူးမျက်နှာကိုသေချာစွာစိုက်ကြည့်နေပြီး မေးခွန်းတွေမေးလာတော့သည်။

" ကိုယ်မေးတာဖြေလေ ကျောက ဓားဒဏ်ရာအမာရွတ်က ဘယ်သူ့ကြောင့်ရတာလဲ "

ယခုအချိန်အခိုက်အတန့်လေးမှာ
ဟွန်းနဲ့သူက အရမ်းနီးကပ်စွာရှိနေပြီး ဟွန်းရဲ့အဝတ်တွေကလည်းရေစိုနေတာကြောင့် ရင်ခွင်ကျယ်ရဲ့အထိအတွေ့ကို ပကတိအတိုင်းခံစားနေရသည်။
ရေကန်ဘောင်ပေါ်မှာ တင်ထားတဲ့ ဝတ်ရုံတွေကို လှမ်းယူဖို့ပြင်နေတဲ့လက်တွေကို ဟွန်းက ဆွဲယူကာ သူ့လည်ပင်းကိုသိုင်းဖက်စေသည်။

ဆောနူး မျက်နှာပူလွန်း၍ ပေါက်ထွက်မတတ်ဖြစ်နေပြီး ဟွန်းရဲ့စကားများကို ဘယ်လိုမှ အာရုံစိုက်၍မရချေ။
အသက်ကိုဝဝရှူပြီး ဝင်သက်ထွက်သက်ကို စိတ်မှတ်နဲ့မှတ်လိုက်မှ အနည်းငယ်တည်ငြိမ်မှုရသွားပြီး ဟွန်းမျက်နှာကို ဖြည်းဖြည်းချင်းမော့ကြည့်လိုက်သည်။

"ရူးတော့မှာပဲ "

ဟွန်း ထံမှ တိုးညင်းစွာထွက်ပေါ်လာတဲ့အသံနဲ့အတူ ဟွန်းလည်းအသက်ကိုဖြည်းညင်းစွာရှူပြီးစိတ်တည်ငြိမ်အောင်ကြိုးစားနေတာတွေ့လိုက်ရသည်။
.
.
မေးခွန်းတွေမေးနေပေမယ့် အဖြေတစ်စုံတစ်ရာထွက်မလာဘဲ ခေါင်းကိုငုံ့ကာအသက်ပြင်းပြင်းရှူပြီး အတန်ကြာမှ ဖြည်းဖြည်းချင်းမော့ကြည့်လာတဲ့မျက်ဝန်းညိုတွေက ဆောင်ဟွန်းရဲ့ဖြစ်တည်မှုတစ်ခုလုံးကိုလှုပ်ခတ်သွားစေသည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now