28. နိုင်ငံတော်စျာပန

402 72 10
                                    

မန်းဘို့ကို စစ်စခန်းအတွင်းမှ အကျဥ်းထောင်ထဲမှာပင် စစ်ဆေးမေးမြန်းပြီး သက်သေအစုံအလင် ရရှိချိန်တွင်ညနေအတော်ပင်စောင်းနေချေပြီ။
ဆောင်ဟွန်းလည်း နန်းတော်သို့ဝင်ကာ တွေ့ရှိချက်များကို ဘုရင့်ထံလျှောက်တင်သည်။

" စစ်သူကြီးချုပ်တင်ပြတဲ့ သက်သေတွေအရ အိမ်ရှေ့စံရဲ့ပြစ်မှုက ထင်ရှားနေပြီ မနက်ဖြန်ညီလာခံမှာလည်း ဒီသက်သေတွေနဲ့တကွ အမတ်တွေရဲ့ရှေ့မှောက်မှာ စစ်သူကြီးကိုယ်တိုင်ပြန်လည်လျှောက်တင်စေ ငါကိုယ်တော် အိမ်ရှေ့စံရဲ့ဆင်ခြင်မဲ့မှုအတွက် ကောင်းကောင်းအပြစ်ပေးရမယ်။"

ဆောင်ဟွန်း ဘုရင့်နန်းဆောင်မှထွက်လာခဲ့တော့ မထင်မှတ်ထားသူတစ်ဦးက စောင့်ကြိုနေသည်။

" ဟွန်း ငါနဲ့စကားနည်းနည်းလောက်ပြောရအောင် "

အခုအချိန်ထိ သူ့ကို ဟွန်းလို့ခေါ်ပြီး ဟန်ဆောင်နေဆဲဖြစ်တဲ့ ဆောန်မီနဲ့လည်း စကားပြောဖို့လိုနေတာကြောင့်ဆောင်ဟွန်းလည်း စကားး ပြောဖို့လက်ခံလိုက်သည်။

" ဟွန်း အခုလိုပြောရတာ နင့်အတွက်မတရားမှန်းသိပေမယ့် အိမ်ရှေ့စံရဲ့အပြစ်တွေကိုတစ်ခါလောက်လေးပဲ ခွင့်လွှတ်ပေးလို့မရဘူးလားဟင်"

" ဘာကျေးဇူးရှိလို့ ခွင့်လွှတ်ပေးရမှာလဲ "

ဆောင်ဟွန်းရဲ့သူစိမ်းဆန်လှတဲ့ အေးစက်စက်လေသံကြောင့် ဆောန်မီမျက်ဝန်းမှာ မျက်ရည်တို့စီးကျလာသည်။

" ဟွန်း နင်အိမ်ထောင်ပြုလိုက်တာနဲ့ ပြောင်းလဲသွားလိုက်တာ။

ဟွန်းရယ် နင့်ကိုယ်စား ဓားချက်ဝင်ခံပေးဖူးတဲ့မျက်နှာလေးကိုထောက်ပြီးတော့ပဲဖြစ်ဖြစ် ဒီတစ်ခါလောက်ပဲ အိမ်ရှေ့စံရဲ့အပြစ်ကိုခွင့်လွှတ်ပေးပါ သူသာ နန်းကျသွားရင် ငါ့ဘဝက သွားပြီ ဘယ်တော့မှ အမြင့်ကိုပြန်မတက်နိုင်တော့ဘူး။
အပြစ်လုပ်တာသူဆ်ိုပေမယ့် ငါကကြားထဲကနစ်နာရမှာကို နည်းနည်းတော့ထည့်စဥ်းစားပေးပါဦးဟွန်းရယ် နော်"

ဆောင်ဟွန်းမမှတ်မိလောက်သေးဘူးထင်ပြီး အခုထိ သူကယ်ခဲ့သလိုဟန်ဆောင်ပြောနေသေးသည့် ဆောန်မီအပေါ်မှာ ဆောင်ဟွန်း သနားညှာတာလိုစိတ် နည်းနည်းလေးတောင်ရှိမနေပါချေ။

Majestic Love Story In Dae Goguyeo Where stories live. Discover now