32.နောက်ကွယ်မှစီစဥ်သူ

318 68 6
                                    

အခန်းတွင်းရှိလေထုမှာ အေးစက်တည်ငြိမ်နေသလောက် မွန်းကြပ်စရာကောင်းနေတော့သည်။

မယ်တော်နဲ့တွေ့ဖို့ ဟွန်းရဲ့မြို့ထဲက အိမ်တော်မှာ
စီစဥ်ထားခဲ့တာဖြစ်ပြီး ယခု အခန်းအတွင်းမှာတော့ ဆောနူးရော ဟွန်းရော မယ်တော်ရော ၃ ယောက်လုံးအတူရှိနေခဲ့တာဖြစ်သည်။

" တစ်နေ့နေ့မှာ သေချာပေါက်ဖြေရှင်းရမယ့်ကိစ္စတွေပါပဲ မယ်တော်စိတ်ကိုကြိုတင်ပြင်ဆင်ထားပြီးသားပါ။

သားတော်မမေးခဲ့ရင်တောင် ခေါ်ပြီးပြောပြတော့မှာပါပဲ ဘာလို့လဲဆိုတော့နန်းတော်ထဲမှာက အခြေအနေမတည်ငြိမ်ဘူး သိတဲ့အတိုင်းပဲ ထန်နိုင်ငံ သံတမန်တွေခဏခဏရောက်လာနေတဲ့ကိစ္စတွေလည်းရှိတော့ လုယူထားတဲ့အာဏာကိုတည်မြဲချင်တဲ့စိတ်နဲ့ ငါ့ကိုလည်း ဘယ်တော့လုပ်ကြံမယ်ဆိုတာ ပြောလို့မရဘူးလေ။

အဲဒါကြောင့်အခုပဲဖြစ်ဖြစ် ငါ အကြောင်းစုံကို ​ပြောပြတော့မယ်။

ဆောနူး တကယ်တော့သားက အဲဒီညက သန်းခေါင်ယံကျော်လို့တစ်နာရီတိတိအချိန်မှာမွေးခဲ့တာပဲ။

အဲဒီအချိန်က ဘာကိုဆိုလိုတာလဲဆိုရင် သားက အခုစစ်သူကြီးချုပ်ရဲ့ ကြင်ယာတော်ဖြစ်မယ့်ဇာတာလို့ဆိုလိုတာပဲ။

သားတို့နှစ်ယောက်ကိုကောင်းကင်ဘုံက စုံဖက်ပေးလိုက်မှန်း မယ်တော်အစကတည်းကသိခဲ့ပြီးပါပြီ။

ဒါပေမယ့်
သားမွေးဖွားလာတဲ့အချိန်ကိုမယ်တော်ရည်ရွယ်ချက်ရှိရှိလိမ်ခဲ့တယ်။
သားတော်ကို ကာကွယ်ဖို့ပေါ့...."
ဟုအစချီကာ ဖြစ်ကြောင်းကုန်စင်ပြန်ပြောပြမိသည်။

သူမက မိုင်းဂါးမျိုးနွယ်စုခေါင်းဆောင်၏
တစ်ဦးတည်းသောသမီးဖြစ်ပြီး ဖခင်ဖြစ်သူက ငယ်စဥ်ကတည်းကပင် သူမကို သားယောက်ျားလေးတစ်ဦးကဲ့သို့ ကြံ့ခိုင်သန်မာအောင် ပျိုးထောင်ခဲ့သည်။

ဓားရေး မြင်းရေးနဲ့ လေးမြှားအတတ်မှာလည်း တစ်ဖက်ကမ်းခပ်အောင်ထူးချွန်တဲ့သူမက ဖခင်နဲ့အတူ စစ်ပွဲတွေလိုက်ရင်း
မိုင်းဂါးအမျိုးသမီးသူရဲကောင်းဟု ကျော်ကြားခဲ့သည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now