41.လက်ခံရန်ခက်ခဲသော..

268 53 7
                                    

ဘဲ့ဒူတောင်တိုက်ပွဲအပြီးမှာတော့ ဘဲ့ဒူတောင်အထိမလာနိုင်သော တော်လှန်ရေးအင်အားစုများက မိမိတို့နီးစပ်ရာဒေသတစ်ဝိုက်တွက်ပင် တော်လှန်ရေးစတင်ခဲ့တော့သည်။
နိုင်ငံအဝှမ်းထကြွလာမှုကြောင့် ဘုရင်မှာ စိုးရိမ်ဒေါသတို့ ငယ်ထိပ်သို့ရောက်ချေတော့သည်။

သို့သော် ပြေလည်အောင်ညှိနှိုင်းရမည့်အစား  တော်လှန်ရေးကိုအားပေးထောက်ခံသူများကို အပြင်းအထန်နှိမ်နင်းမှုများစတင်တော့သည်။

ဘဲ့ဒူတောင်ရှိတော်လှန်ရေးအဖွဲ့များကိုရိက္ခာမပို့နိုင်အောင် တင်းကြပ်စစ်ဆေးခြင်းများကိုပို၍တိုးကာ လုပ်ဆောင်သည်။

ထို့ပြင် နိုင်ငံဂုဏ်ဆောင်သေနာပတိချုပ်ဟောင်းကြီး၏ဇနီး၊ စစ်သူကြီးချုပ်၏မွေးမိခင်နှင့် နတ်ရွာစံဘုရင်မင်းမြတ်၏ မိဖုရားခေါင်ကြီးဖြစ်သော လက်ရှိ နန်းတော်၏ အကြီးအကဲ ထယ်ဟုမယ်မယ်၊ ဆောနူးဒယ်ဂွန်၏ မွေးမိခင်တို့ကိုလည်း နေအိမ်နှင့် နန်းဆောင်အတွင်းမှာပင် အကျယ်ချုပ်ထားရှိပြီး မည်သူနှင့်မျှဆက်သွယ်ခွင့်မပေးချေ။

ထိုသို့သောအခြင်းအရာများကြောင့် ပြည်သူကများက ဘုရင်နှင့် အုပ်ချုပ်သူလူတန်းစားကို ယခင်ကထက်ပို၍ ရွံမုန်းလာကြတော့သည်။

မည်သို့ဆိုစေ ဘုရင်နှင့်တော်လှန်ရေးအုပ်စုများကြားအရေးသာသူဘက်ကို ပြေးကပ်ဖို့စောင့်ကြည့်နေကြသူကြားနေအုပ်စုများလည်းရှိနေသေးသည်။

အချို့မှာတော့ တော်လှန်ရေးအဖွဲ့များထဲသို့
ကိုယ်တိုင်မဝင်ရောက်သော်လည်း တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် ဆောင်ကြာမြိုင်သို့သွားကာ ဘဲ့ဒူတောင်အောင်ပွဲအတွက်အောင်ပွဲခံသည်ဟူ၍တစ်မျိုး၊ တော်လှန်ရင်းကျဆုံးသွားကြသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဟူ၍တစ်ဖုံ ခေါင်းစဥ်အမျိုးမျိုးတပ်ကာ မူးအောင်သောက်ကြရင်း နိုင်ငံရေးအကြောင်းကိုလူရှိန်အောင် တတ်ယောင်ကားပြောကြလေသည်။

အဆိုးထဲမှကောင်းသည့်အရာကတော့ အမိန့်ပေးသမျှကိုခေါင်းငုံ့ခံနေစရာမလိုဘဲ နိုင်ငံနှင့်လူမျိုးအတွက် ထိခိုက် နစ်နာစေလျှင် ဘုရင်ကိုပင်တော်လှန်သင့်သည်ဟူသောအသိစိတ်များ လူငယ်လူရွယ်တို့ကိုသိမြင်သွားစေခြင်းပင်။
.
.
.

Majestic Love Story In Dae Goguyeo Where stories live. Discover now