50.မထင်မှတ်ထားသောအကူအညီ

230 50 14
                                    

သူနဲ့အတူပါလာသောစစ်သည်များကို ဆောနူး ဆေးညွှန်းပေးကာ ဆေးဝယ်ခိုင်းဟန်ဆောင်ပြီး ပ ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ရန်သူဘက်မှစတင်လှုပ်ရှားလာသည်။

လူပြတ်သည့်တစ်နေရာအရောက်မှာ ဆောနူးကိုဖမ်းချုပ်ကာ လက်ပြန်ကြိုးတုပ်ပြီးနောက် မျက်နှာကိုဖုံးသည့်အဝတ်ကိုစည်းနှောင်ပေးရုံသာမက မျက်လုံးကိုလည်းစည်းနှောင်လိုက်သည်။

အခြေအနေကို မျှော်လင့်ထားပြီးဖြစ်တာကြောင့် ဆောနူး
အားကုန်အောင်ရုန်းကန်ခြင်းမပြုတော့ဘဲ အသာအယာလိုက်သွားတော့သည်။
၁၀နှစ်သားတုန်းက တစ်ခါ ပြန်ပေးဆွဲခံရစဥ်က ဘေးမှာ ဟွန်းပါခဲ့သည်။ အခုတော့ တစ်ယောက်တည်း ဘယ်ကိုဦးတည်ပြီးခေါ်ဆောင်သွားခံရလဲဆိုတာမသိရပေ။

အချိန်အတော်ကြာပြီးနောက်မှာတော့

" ရောက်ပြီ " ဟူသောအသံနှင့်အတူ ဆောနူးအခန်းတစ်ခုထဲသို့ဆွဲခေါ်သွားခံရတာကိုသိလိုက်ရသည်။

လက်ပြန်ကြိုးကိုဖြုတ်ပေးကာ
မျက်လုံးမှာဖုံးထားသည့်အဝတ်ကိုဖယ်ရှားပေးပြီးနောက်
ဆောနူးကိုအလုံပိတ်အခန်းတစ်ခုထဲမှာထားခဲ့ပြီး အပြင်မှတံခါးပိတ်သံကြားလိုက်ရသည်။

ဆောနူးရောက်နေသောနေရာမှာ
အချုပ်ခန်းမဟုတ်ဘဲ အဆောက်အဦးတစ်ခုခု၏ လျှို့ဝှက်နေရာဖြစ်မည်ဟုခန့်မှန်းလိုက်မိသည်။

အများကြီးမတွေးနိုင်ခင်မှာဘဲ ခြေသံများကြားလိုက်ရပြီးနောက်အခန်းထဲသို့ဝင်လာသောလူ၃ယောက်ကိုတွေ့လိုက်ရသည်။

" မတွေ့တာကြာပြီနော် ငါ့ရဲ့ညီတော် ကံဆိုးကောင်လေး။
မင်းနောက်ဆုံးတော့ငါ့လက်ထဲရောက်လာပြီ"

ကျေနပ်ပျော်ရွှင်စွာရယ်မောသံနှင့်အတူ အခန်းထဲကိုဝင်လာသူက ထင်ထားသည့်အတိုင်း ဘုရင်ရူးအကိုတော်ပင်ဖြစ်သည်။

ဆောနူးငြိမ်သက်နေရာမှ ကျဆုံးသွားသောစစ်သည်များအကြောင်းတွေးမိပြီး လက်သီးကိုတင်းတင်းဆုပ်ကာ
အကိုတော်မျက်နှာကိုပြေးထိုးလိုက်သည်။

မမျှော်လင့်ထားတာကြောင့် သူ့နောက်မှာပါလာတဲ့ကိုယ်ရံတော်နှစ်ယောက်ကဆွဲချိန်မရလိုက်သလို သူကိုယ်တိုင်လည်းရှောင်တိမ်းချိန်မရလိုက်တဲ့အကိုတော်က ဆောနူးလက်သီးချက်ကြောင့် ပက်လက်လန်လဲကျသွားသည်။
ထို့အခါမှ သူ၏ကိုယ်ရံတော်များက ဆောနူးကိုတစ်ဖက်တစ်ချက်စီ ဖမ်းချုပ်ထားကြသည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now