ဆောင်ဟွန်းကိုအရိုအသေပြုပြီး တဲထဲမှ ဟုန်ရှစ်ထွက်သွားသည်နှင့် ဆောင်ဟွန်းစိတ်တွေလေးလံလာသလိုခံစားလိုက်ရသည်။
အရင်ကဆိုလည်း အချို့ရွာငယ်လေးတွေမှာ ဘုရင့်တပ်နဲ့ထိပ်တိုက်တွေ့ဖို့ ဟုန်ရှစ်က မကြာခဏတာဝန်ယူဖူးသော်လည်း ယခုတစ်ခေါက်မှ အဘယ်ကြောင့် စိတ်မချသလို စိတ်ထဲလေးနေမိသည်ကိုဆောင်ဟွန်းလည်း
နားမလည်နိုင်ပေ။လုပ်လက်စအလုပ်ကိုစိတ်နှစ်လုပ်နေရင်း နှစ်နာရီကျော်လောက်အကြာမှာ စစ်သူကြီးငယ်တစ်ဦး တဲအတွင်းသို့ဝင်ရောက်လာသည်။
" စစ်သူကြီးချုပ် အခုပဲ ဘုရင့်တပ်ထဲက သူလျှိုဆီက စာတစ်စောင်ရောက်လာပါတယ် ။
မနေ့ညကတည်းကပို့ဖို့လုပ်ပေမယ့် အစစ်အဆေးအရမ်းကြပ်လို့ အခုမှပဲရောက်လာပါတယ် ။
စာထဲကအတိုင်းဆို လက်ထောက်စစ်သူကြီးဟုန်ရှစ်တို့အဖွဲ့အန္တရာယ်ရှိနေပါပြီ"
"ဘာ"
ဆောင်ဟွန်းလည်း စာကိုအလျှင်အမြန်ယူကြည့်လိုက်တော့ စာထဲမှာ ရွာထဲကိုဝင်လာမယ့် ပြည်သူ့တပ်ဖွဲ့တွေကို အဆိပ်ငွေ့နဲ့မှိုင်းတိုက်ပြီး ရှင်းဖို့ကြံစည်နေကြောင်း။ စစ်သူကြီးချုပ်ကိုရှင်းနိုင်လျှင် တစ်သက်စားမကုန်အောင်ပိုလျှံနေသောစည်းစိမ်ဥစ္စာများ၊ရာထူးရာခံများချီးမြှင့်မည်ဟုလည်း တပ်တွင်းမှာကြေညာထားကြောင်း ရေးထားသည်။
ရန်သူတပ်ဖွဲ့များကတော့ အဆိပ်ငွေ့ကို ခံနိုင်ရည်ရှိဖို့ ဖြေဆေးကြိုသောက်ထားပြီးဖြစ်တာကြောင့် ပြည်သူ့တပ်များ ရွာထဲကိုဝင်မလာသင့်သေးကြောင်း စာထဲမှာလျှို့ဝှက်သတင်းပေးထားသည်။စာကိုဖတ်ပြီး သည်နှင့် ဆောင်ဟွန်း ဆောန်ဆီသွားကာ ရန်သူဘက်ကအဆိပ်ငွေ့အတွက် ဖြေဆေးအလျှင်အမြန်ဖော်ခိုင်းပြီးနောက် လက်ရွေးစင်စစ်သည်ရာဂဏန်းကိုအားချင်းစုစည်းလိုက်သည်။
" ငါလိုက်ခဲ့မယ်ဟွန်း"
ဆောန်ကလည်းလိုက်မယ်ပြောလာသဖြင့် ဆောင်ဟွန်းခေါင်းငြိမ့်ကာ ခရီးကိုအလျှင်အမြန်စတင်တော့သည်။
ဟုန်ရှစ်တို့ထွက်သွားသည်မှာ ၃နာရီကျော်ခန့်ကြာနေပြီဖြစ်သဖြင့် ခရီးလမ်းတစ်လျှောက်မနားဘဲ ဒုန်းစိုင်းစီးလျှင်တောင် မီသည်ဆိုရုံလောက်သာမီမှာမို့ တစ်ချက်မှမနားဘဲ အသော့နှင်ခဲ့သည်။
YOU ARE READING
Majestic Love Story In Dae Goguyeo
Fanfictionစစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာကွယ်နေတဲ့ဒီဂိုဂူလျောမြေဆီကနေ လိုချင်မိတာဆိုလို့ မသေခင်မှာနမ်းရှိုက်သွားချင်တဲ့ ပါးအိအိလေးတွေရဲ့ပိုင်ရှင် အရှင့်သားပဲရှိပါတယ်။ စစ္ထြက္ခါနီးတိ...