45.အားပေးဖော်

301 59 16
                                    

တော်လှန်ရေးအရှိန်မြင့်လာပြီး ပြည်သူများ ပါဝင်မှုပိုမိုများပြားလာတာကြောင့် ဆောင်ဟွန်းခေါင်းဆောင်သော ပြည်သူ့စစ်တပ်အတွင်းသို့ ထပ်မံအားဖြည့်ဝင်ရောက်လာသူများလည်း ပိုမိုများပြားလာသည်။

ထိုသို့ လူအင်အားများလာသည်နှင့်အမျှ စိစစ်မှုများလည်းပို၍လုပ်ရတော့သည်။
ဘုရင့်ဘက်တော်သားများက သူလျှိုအဖြစ်ဝင်ရောက်လာနိုင်သောကြောင့်ဖြစ်သည်။

" ဂျုံဆောင်းတို့ ခရီးစနေကြပြီလို့အကြောင်းကြားလာတယ် ။
သူတို့ရောက်လာတဲ့အခါ ဘဲ့ဒူတောင်မှာ လေ့ကျင့်ရေးဆင်းနေတဲ့ တပ်သားအသစ်တွေအားလုံးကိုပါ ကိုယ်တို့ရောက်တဲ့မြို့ဆီ စုဝေးလိုက်ပြီး မြို့တော်ကို ချီတက်နိုင်ဖို့ စီစဥ်တော့မယ်။

လူအင်အား လက်နက်အင်အားလည်း နှစ်ဆလောက်ဖြစ်လာပြီဆိုတော့ ရိက္ခာသာ ပူစရာမလိုရင် အတတ်နိုင်ဆုံး ပြည်သူတွေမထိခိုက်အောင် စနစ်တကျ ဗျူဟာဆွဲပြီး နောက်ဆုံးတိုက်ပွဲ မျှော်လို့ရပြီ။"

ဟွန်းက အားတက်သရောနဲ့ရှေ့ဆက်အစီအစဥ်တွေကိုရှင်းပြနေပေမယ့် ဆောနူးစိတ်ထဲ လေးလံနေမိသည်။

အခုရက်ပိုင်း တိုက်ပွဲတွေဆက်နေလို့ ပင်ပန်းတာကတစ်ကြောင်း ခင်မင်ရတဲ့ စစ်သည်တွေ ကျဆုံးသွားကြတာကြောင့် ဝမ်းနည်းရတာကတစ်ကြောင်းဖြင့် အိပ်ပျက်ညများကိုခက်ခဲစွာဖြတ်ကျော်နေရပြီး နှစ်ပေါင်းများစွာ ရင်ထဲမှာ အမြစ်တွယ်နေသောစိတ်ဒဏ်ရာဟောင်းက ပြန်လည်နေရာယူလာသည်။

" ဟွန်း ငါလေ မကောင်းမှန်းသိပေမယ့် အဲဒီအတွေးကိုမရပ်တန့်နိုင်ဘူး "

ယာယီစခန်းချရာ တဲအတွင်းက ထောင့်တစ်နေရာမှာ ဟွန်းအလုပ်လုပ်တာကိုထိုင်ကြည့်နေရင်း
စိတ်ထဲမှာနှိပ်စက်နေတဲ့အတွေးတွေကို မရည်ရွယ်ဘဲ ပြောမိသွားသည်။

ဟွန်းက မြေပုံများ ၊ဗျူဟာစာရွက်များဖြင့်ပြည့်နေသော အလုပ်စားပွဲမှ ထကာ ဆောနူးနားသို့ဖြည်းညှင်းစွာလျှောက်လှမ်းလာပြီး ဆောနူးရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်သည်။
ထို့နောက် ဆောနူးလက်တွေကို ညင်သာစွာဆုပ်ကိုင်ပြီး အကြည့်ချင်းဆုံစေကာ ဆောနူးကိုမေးခွန်းပြန်ထုတ်လိုက်သည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now