38.အချစ်=လူသားဆန်မှု

305 61 4
                                    

" ဆန္ဒပြပွဲနေ့ရက်တွေလည်း ကြာရှည်ခဲ့ပြီ။ ဆန္ဒပြရင်း အသက်ပေးခဲ့ရသူတွေလည်း များနေပြီမို့ အခုဒီလောက်နဲ့ပဲရပ်လိုက်ကြရအောင် "

ဆောင်ဟွန်းစကားကြောင့်စာသင်သားများရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

" စစ်သူကြီးချုပ် ကျွန်တော်တို့ဘက်ကရပ်မယ်လို့ထင်ခဲ့တာ အခု ဘာလို့ဆန္ဒပြပွဲကိုလာတားနေရတာလဲ။
တော်ဝင်မင်းသားတစ်ပါးနဲ့လက်ဆက်လိုက်လို့ ရပ်တည်ချက်တွေ ပြောင်းသွားပြီလား "

ဆောင်ဟွန်းရဲ့စကားကိုအဓိပ္ပါယ်ကောက်လွဲနေတဲ့ စာသင်သားတစ်ဦးရဲ့အမေးကြောင့် ဟွန်းရဲ့မျက်ခုံးထူထူလေးတွေတွန့်ချိုးသွားတာကို လှမ်းမြင်နေရသည်။

" မဆိုင်တဲ့သူကိုဆွဲမထည့်နဲ့။"
ဟွန်း၏လေသံမှာ အေးစက်လျက်..

" ဆန္ဒပြတဲ့သူတွေကို အင်အားသုံးနှိမ်နင်းကတည်းက ဘုရင်ရဲ့ဆုံးဖြတ်ချက်က ပြန်မပြင်နိုင်တော့ဘူးဆိုတာသေချာနေပြီးသား။

ဒီမှာဆန္ဒပြနေလည်း ဘုရင်ကဂရုစိုက်မှာမဟုတ်ဘူး။

အဲဒါကြောင့် နိုင်ငံကို ကယ်တင်ဖို့ ငါတို့ရည်မှန်းချက်ကိုရောက်ဖို့က နည်းလမ်းတစ်လမ်းအပြင်မရှိဘူး။

အဲဒါက လက်နက်ဆွဲကိုင် တော်လှန်ရေးပဲ။

ခရီးလမ်းက ကြမ်းတမ်းပြီးရှည်လျားမယ့်ခရီးဖြစ်တာကြောင့် နိုင်ငံရဲ့အနာဂတ်ကို ပြောင်းလဲနိုင်ဖို့ ယုံကြည်ချက်နဲ့ဆုံးဖြတ်ချက်ခိုင်မာတဲ့သူတွေက ဘဲ့ဒူတောင်ကို လိုက်ခဲ့ပါ။

ရာထူးအာဏာမပြောနဲ့အသက်ကိုတောင်အာမခံမပေးနိုင်တာမို့ ခံယူချက်မခိုင်မာတဲ့သူတွေ မလိုက်ခဲ့ပါနဲ့ ။"

ထိုသို့ပြောကာ မြင်းပေါ်တက်ပြီးတရွေ့ရွေ့ထွက်ခွာသွားသောဟွန်းနောက်မှ ဂျိုဝီစစ်သည်များသာမက ဆန္ဒပြနေသောလူအုပ်ထဲမှ လူအများစုမှာ  ခပ်သွက်သွက်ပင်လိုက်လာကြတော့သည်။

အနည်းစုမှာကား ထိုင်ရမလို ထရမလိုဖြစ်ကာ ဝေဝါး စွာ ကျန်ရစ်ခဲ့တော့သည်။..

ဘဲ့ဒူတောင်...
ဂျိုဝီတို့၏အခြေစိုက်စခန်းဖြစ်ရုံသာမက တရားကျင့်ကြံသော သူတော်စင်များပါရှိသည်ဟုပြောကြသော ဘဲ့ဒူတောင်သို့ရောက်ချေပြီ။
ရက်အနည်းငယ်မနေမနားခရီးသွားခဲ့ရတာကြောင့် ခန္ဓာကိုယ်မှာ အလွန်ပင်ပန်းနေသော်လည်း စိတ်ကတော့ ပျော်ရွှင်နေသည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now