7.နွေးထွေးသောနှစ်သိမ့်မှု

308 57 2
                                    

နောက်ယောင်ခံလိုက်ခံနေရမှန်းသိလိုက်ရတော့ ဆောင်ဟွန်းရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။
တစ်ယောက်တည်းဆို ရှောင်တိမ်းကိုယ်ယောင်ဖျောက်ဖို့က ဘာမှမခက်ခဲပေမယ့် အခုက ကျောပေါ်မှာ သယ်လာမိတဲ့ အကောင်ပေါက်လေးပါနေတာမဟုတ်ပါလား။

သူ့နောက်ကိုလိုက်နေတဲ့တော်ဝင်မိသားစုတွေကြောင့် ဘာမှဆိုင်တဲ့အပြစ်မဲ့သူတစ်ယောက်ကိုပါ ထိခိုက်စေမိလို့မဖြစ်ပါချေ။

ခြေလှမ်းတွေကိုအရှိန်တင်လိုက်ပြီး အတတ်နိုင်ဆုံး မျက်ခြေပြတ်အောင်လုပ်ဖို့ ကြိုးစားလိုက်စဥ်မှာပဲ နောက်ယောင်ခံလိုက်လာသူတွေက ပုန်းကွယ်နေရာမှထွက်လာပြီး သူတို့နှစ်ယောက်ကိုဝိုင်းထားလိုက်ကြသည်။

မျက်နှာဖုံးစွပ်ထားတဲ့အနက်ရောင်ဝတ်စုံနဲ့သူတွေအနည်းဆုံး အယောက် ၂၀လောက်ရှိတာမို့ တစ်ယောက်တည်းဆိုလျှင်တောင်ထွက်ပြေးဖို့ခက်ခဲတဲ့အနေအထားဖြစ်သည်။
ဆောန်ကလည်း သူ့ကိုယ်ပေါ်မှာကြောက်လန့်နေမှာ အသေအချာပင်။

" မင်းတို့ခေါ်တဲ့နောက်အသာတကြည်လိုက်ခဲ့မယ် ဒါပေမယ့် ငါသူ့ကိုတောစပ်ထိဘေးကင်းအောင်လိုက်ပို့ပေးချင်သေးတယ် ။
သူက ဒီကိစ္စမှာ ဘာမှမပတ်သတ်ဘူး ဒုက္ခရောက်နေလို့ ငါကူညီပေးခဲ့တဲ့သူမို့သူ့ကို အလွတ်ပေးလိုက်ပါ။
ဒီအတိုင်းထားခဲ့ဖို့ကလည်းမြင်တဲ့အတိုင်း သူ့ခြေထောက်ဒဏ်ရာကြောင့်လမ်းမလျှောက်နိုင်ဘူး
သူ့ကိုပို့ပြီးတာနဲ့ မင်းတို့နောက်ကိုလိုက်ခဲ့မယ်လို့ကတိပေးတယ်"

စကားပြောနေရင်းနဲ့မှ ဆောင်ဟွန်းတစ်ခုသတိထားမိလာသည်။
ဒီလူတွေက အရင်လာနေကျလူတွေလိုမဟုတ်ပေ။
အရင်လာနေကျသူတွေက သူ့ကိုသတ်ဖို့သာစိတ်အားထက်သန်နေသူတွေမို့ အခုလိုစကားပြောနေချိန်တောင် ရလိုက်မှာမဟုတ်ပေ။
အခုထိစကားပြောလို့ရနေသေးပုံထောက်ရင် သူတို့မှာ သတ်ဖို့အစီအစဥ်မရှိတာလား ဒါမှမဟုတ် ဆောန် ပါ နေလို့များလား။

ထိုသို့တွေးနေစဥ်မှာပင် ဆောန်က သူ့နားနားကပ်ပြောလာတဲ့ စကားသံလေးကိုကြားလိုက်ရသည်။

" ဟွန်း ငါ့ကိုလွှတ်ချထားခဲ့ပြီး မင်းမြန်မြန်လွတ်အောင်ပြေးတော့ "

Majestic Love Story In Dae Goguyeo Where stories live. Discover now