17.ဖုံးကွယ်ထားသောမျက်နှာ

442 73 20
                                    

" မိုးကောင်းကင်ဆန္ဒကို လူသားတွေလွန်ဆန်လို့မရဘူးဆိုတာ ဒါကသက်သေပဲ ဒေါ့ဂျင်ရေ ။

ဖူးစာပါလာရင် မဖြစ်မနေ ပေါင်းစည်းရတာချည်းပါပဲ။

ကိုယ်နဲ့ထိုက်တန်တဲ့အသီးအပွင့်ကိုပဲ ခံစားရမယ်ဆိုတာ အိမ်ရှေ့စံနဲ့ ဒယ်ဂွန်ကိုကြည့်ရင် မြင်နိုင်တယ်။

တစ်ယောက်က သူများပျက်စီးရာကိုကြံရင်း အတုအယောင်ကိုလက်မှာပိုက်မိပြီး တစ်ယောက်ကတော့ အခက်အခဲတွေကြားကပဲ အစစ်အမှန်ကိုရှာတွေ့သွားတယ်။

အိမ်ရှေ့စံနဲ့ဆိုဟုက ဒီထက်ပိုဆိုး လာဦးမှာပဲ။

ဒါပေမယ့်သူတို့ရဲ့ချောက်တွန်းလုပ်ကြံမှုတွေအကုန်လုံးက ဒယ်ဂွန်နဲ့ စစ်သူကြီးချုပ်ကို ပိုပြီးနီးစပ်သွားစေတာမို့ ကိုယ့်သေတွင်းကို တူးသလိုဖြစ်လာမှာ မသိရှာပေပဲကိုး။

နောက်ပြီး နောက်လာမယ့်လပိုင်းအတွင်းမှာနိုင်ငံတော်ဈာပနကို မြင်နေရတယ်။

အရှင်မင်းကြီးကို စိတ်ကိုပြင်ဆင်ထားဖို့ တိတ်တဆိတ် အသိပေးရမယ့်အချိန်ပဲ။

ငါတို့နတ်နန်းဆောင်ကလည်း ပြင်ဆင်စရာရှိတာတွေ လျှို့ဝှက်ပြီး ပြင်ဆင်ထားရတော့မယ်။

အပြင်ကိုသတင်းမပေါက်ကြားစေနဲ့
အသက်နဲ့ထပ်တူစောင့်ထိန်းရမယ့်လျှို့ဝှက်ချက်ပဲ။"

ဒေါ့ဂျင်လည်း ဒီနှစ်တွေထဲမှာ စိတ်စွမ်းအင်တွေအများကြီးတိုးတက်လာခဲ့ပေမယ့် နတ်ဆရာမကြီးခြေရာကိုနင်းနိုင်ဖို့ကတော့ ဒေါ့ဂျင်သာမက ဒီဂိုဂူလျောမှာရှိသမျှနတ်ဆရာမအားလုံးပင် မဖြစ်နိုင်ပါချေ။
..
..
..
တစ်နှစ်ပတ်လုံးမိုးခေါင်ရေရှားပြီး သီးနှံစိုက်ပျိုးရေးအတွက်အခက်တွေ့နေခဲ့ရသမျှက ဆောနူးတို့မင်္ဂလာပွဲနေ့ညနေကတည်းကနောက်ရက်အထိမတိတ်သေးတဲ့မိုးကြောင့် စိုက်ပျိုးရေ အခက်အခဲတွေအဆင်ပြေပြီး တိုင်းသူပြည်သားများ များစွာဝမ်းမြောက်နေကြသည်။

ပျော်ရွှင်မှုကြောင့် စစ်သူကြီးချုပ်နဲ့ အရှင့်သား အမျိုးသားချင်းထိမ်းမြားကြသည့်အပေါ်မှာ အဆိုးမြင်စိတ်တွေလည်းလျော့နည်းသွားပြီး ကဲ့ရဲ့ပြစ်တင်ဖို့ပင်သတိမရကြတော့ချေ။..
.

Majestic Love Story In Dae Goguyeo Where stories live. Discover now