34.ရပ်တည်ချက်

343 66 10
                                    

"နိုင်ငံ့မြေပုံကိုပေးလိုက်တယ်ဆိုတာ နိုင်ငံကိုထိုးပေးလိုက်တာနဲ့ အတူတူပါပဲမင်းကြီး
ပြန်လည်သုံးသပ်တော်မူပါလို့အကြံပြုချင်ပါတယ်"

အနားယူပြီးနောက်ပထမဆုံးပြန်တက်ရတဲ့ညီလာခံမှာ အတိုက်အခံထပ်ဖြစ်ရပြန်သည်။
အသက်နဲ့ရင်းပြီး ကာကွယ်ခဲ့ရတဲ့နိုင်ငံကို
အုပ်ချုပ်သူမကောင်းတာနဲ့ သူများလက်ထဲ အသာတကြည်ထည့်ပေးလိုက်ရသည့်အဖြစ်မျိုး ဆောင်ဟွန်းအဖြစ်မခံနိုင်ပါချေ။

" စစ်သူကြီးချုပ်က ရောက်တာနဲ့ငါကိုယ်တော်ကိုအတိုက်အခံပြောနေပြီ။
အခုအချိန်မှာ နိုင်ငံက စစ်ဖြစ်ဖို့အဆင်သင့်မဖြစ်သေးဘူး တိုင်းသူပြည်သားတွေတကယ်လိုချင်တာက စစ်ပွဲမဟုတ်ဘူး ငြိမ်းချမ်းရေးပဲ။
ငါကိုယ်တော်က ဒီလောက်မာနကိုချနင်းပြီးတိုင်းသူပြည်သားတွေငြိမ်းချမ်းဖို့အရေးလုပ်ဆောင်နေတာကို စစ်သူကြီးချုပ်က ဘာရည်ရွယ်ချက်နဲ့ အတိုက်အခံလုပ်နေတာလဲ "

ငြိမ်းချမ်းရေးတဲ့
ဘုရင်အသစ်၏ပါးစပ်မှထွက်လာသော ငြိမ်းချမ်းရေးဆိုသည့်စကားက ရယ်ဖွယ်အတိ။

ငြိမ်းချမ်းရေးကိုလိုချင်တာ ပြည်သူတွေမဟုတ်ဘဲ နိုင်ငံစီးပွားရေးကို လက်ဝါးကြီးအုပ်ထားသည့် အထက်တန်းလွှာလူ့မလိုင်အသိုင်းအဝိုင်း အရာရှိများနှင့်တော်ဝင်မိသားစုသာဖြစ်ကြောင်း ဆောင်ဟွန်းကောင်းကောင်းကြီးသဘောပေါက်သည်။

စစ်ဖြစ်လျှင် သူတို့၏စီးပွားရေး ကုန်သွယ်ရေးများတွင် အထိအခိုက်များမည်။
စစ်ပွဲအတွက် စစ်သည် ရိက္ခာထောက်ပံ့မှုတွေလည်းထုတ်ပေးရမည်။
ထို့ကြောင့် ထန်နိုင်ငံ၏ တောင်းဆိုချက်များကို အကုန်လိုက်လျောကာ နိုင်ငံကိုချနင်းပြီး သူတို့ကောင်းစားရေးကိုသာလျှင်ရှေးရှုနေတာဖြစ်သည်။

" ငြိမ်းချမ်းရေးရဲ့အနှစ်သာရက ဒီလိုမဟုတ်ပါဘူးမင်းကြီး။
ကိုယ့်နိုင်ငံကို ထိပါးရဲတဲ့သူ သွေးတိုးစမ်းရဲတဲ့သူမရှိဘဲ ကိုယ့်အင်အားနဲ့ကိုယ်ရပ်တည်နိုင်တာကမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးပါ။

ဂိုဂူလျောက ခေတ်အဆက်ဆက် ကိုယ့်အင်အားနဲ့ကိုယ်ရပ်တည်ခဲ့ပြီး ဘယ်သူ့လက်အောက်မှသစ္စာမခံခဲ့တဲနိုင်ငံဖြစ်ပါတယ်။
အဲဒါကြောင့် အစဥ်အလာမပျက်ယွင်းစေဖို့ သွေးတိုးစမ်းချင်တဲ့သူတွေရှိရင်တောင် ခေါင်းငုံ့မခံဘဲ ဂိုဂူလျောရဲ့ဂုဏ်ကို ပြသရပါလိမ့်မယ်။

Majestic Love Story In Dae Goguyeo Where stories live. Discover now