39. မြတ်နိုးရပါသော

316 61 10
                                    

" ဆောန် "
မျက်စိရှေ့က မြင်ကွင်းကြောင့်
တစ်ကိုယ်စာကြားရရုံ လေသံတိုးတိုးလေးဖြင့်ဆောန် ဟုရေရွတ်လိုက်မိသည်။

လွန်ခဲ့တဲ့အချိန်ပိုင်းလေးအတွင်းမှာတုန်းကတော့ မကြာမီရက်ပိုင်းအတွင်း ဖြစ်ပွားဖို့သေချာနေတဲ့ စစ်ပွဲအတွက် ပြင်ဆင်ရင်း ရှုပ်ထွေးမွန်းကြပ်နေတဲ့စိတ်အစဥ်ဟာ
ဆောန်ကိုတွေ့လိုက်ရတဲ့အချိန်အခိုက်အတန့်လေးအတွင်းမှာ မီးကိုရေနဲ့ငြှိမ်းလိုက်သလို အေးချမ်းဆိတ်ငြိမ်သွားတော့သည်။

၁၀နှစ်သားတုန်းကနှစ်ယောက်အတူအဖမ်းခံကစဥ်ကလည်းထိုသို့ပင်။
နှစ်ယောက်လုံးအဖမ်းခံရတာမို့ ပူပန်လောင်မြိုက်နေသော စိတ်အစဥ်မှာ မတော်တဆ အဝတ်ကိုဖယ်ရှားလိုက်မိပြီးနောက်မြင်လိုက်ရတဲ့မျက်နှာလေးကြောင့် တမုဟုတ်ချင်း ငြိမ်သက်တိတ်ဆိတ်သွားခဲ့ကာ ရင်ထဲမှာ တငြိမ့်ငြိမ့်အေးချမ်းသွားရသည်။

ဆောန်က ဆောင်ဟွန်းအတွက်တော့
ရင်ကိုငြိမ်းအေးစေတဲ့အကြည်ဓာတ်လေး ၊စိတ်ငြိမ်ဆေးလေး၊ အေးချမ်းရာလေးရယ်ပါ။

ကြည်လင်နေသောမျက်နှာလေးမှာ မီးပုံဆီမှထင်ဟပ်နေသောအလင်းရောင်ကြောင့် ​တောက်ပနေပြီး စိတ်အားထက်သန်မှုကြောင့်မျက်လုံးလေးတွေကအရောင်တလက်လက်နှင့်။

လိုက်ချင်တယ်ပြောတုန်းက ခရီးကြမ်းကြီးမှာ တစ်ခုခုထိခိုက်မိသွားမှာ၊ ပင်ပန်းနေရမှာ စိုးရိမ်တဲ့စိတ်ကြောင့် လုံခြုံရာမှာ ထားခဲ့ဖို့ဆုံးဖြတ်ခဲ့သော်လည်း
ယခုလိုသူမသိအောင်တိတ်တိတ်လေးလိုက်လာပြီး အားလုံးနဲ့ လိုက်လျောညီထွေနေနိုင်ဖို့ ကြိုးစားနေတဲ့ ပုံရိပ်ကလေးကလည်းမြတ်နိုးဖွယ်အတိပင်။

တော်ဝင်မိသားစုက တော်ဝင်မင်းသားတစ်ပါးဖြစ်ပေမယ့် အခြားတော်ဝင်မိသားစုဝင်တွေလို ရာထူးအာဏာတွေကိုမက်မောခြင်းမရှိဘဲ သိုသိပ်စွာနေထိုင်တတ်သောထိုကောင်လေးက သူ့အတွက်တော့ ဆုလာဒ်လေးတစ်ခုပင်။

မိတ်ဆွေသူငယ်ချင်းလည်းမရှိ လူစိမ်းများနှင့်လည်းစကားကောင်းကောင်းမပြောဖူးသည့် ဆောန်မှာ အခုတော့ လူစိမ်းများနှင့် ဝိုင်းဖွဲ့ထိုင်ပြီး စကားပြောနေတာကိုမြင်ရတာ ရင်ထဲမှာ ဝမ်းနည်းဝမ်းသာဖြစ်ရတော့သည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now