44.ဓားစာခံရှာဖွေခြင်း

251 51 8
                                    

ခဏအနားယူမယ်လို့တွေးလိုက်ပေမယ့် တကယ်တမ်းတော့ ဟွန်းလက်ကဒဏ်ရာကိုစိတ်ပူပြီး အနားမယူဖြစ်ခဲ့ပေ။

ဟွန်းအဖျားတက်တာမျိုးမရှိတာသေချာမှ အနားယူခိုင်းခဲ့ပြီး လူနာဆောင်ဆီသို့ ပြန်လာခဲ့သည်။

ဆောနူး လူနာဆောင်ကိုရောက်သွားချိန်မှာတော့ ရင်ဘတ်ကိုမြားမှန်ထားတဲ့အကိုကြီးအနားမှာ သမားတော်၃ယောက်ခန့်ဝိုင်းနေတာတွေ့လိုက်ရတာမို့ အပြေးသွားလိုက်မိသည်။

" ဘာဖြစ်လို့လဲ "

ဆောနူးအမေးကြောင့် သမားတော်ငယ်တစ်ဦးက ခေါင်းခါပြကာ အနားကပ်ပြီးတိုးတိုးတိတ်တိတ်အခြေအနေကိုပြောပြလာသည်။

" သွေးခုန်နှုန်းတွေလည်းမမှန်တော့ဘူးဆရာ ၊
ရေလည်းမဝင်တော့ဘူး ကယောင်ကတမ်းတွေပြောပြီး
အမောလည်းဖောက်နေတယ်။

သိပ်တော့မျှော်လင့်လို့မရတော့ဘူး "

အခြေအနေကိုကြားသိရပြီးတဲ့နောက်
ဆောနူးရင်ထဲမွန်းကြပ်လာသည်။

ဒီဟျောင်းက သူ့မိသားစုကို ဘယ်လောက်တောင်ချစ်လိုက်သလဲ။

သူ့သားလေးတွေအကြောင်းများ
ပြောနေရရင် ပြုံးပျော်နေတတ်ပြီး သူ့သားတွေရဲ့အနာဂတ်အတွက်ဟုဆိုကာ ဒီနေရာကို အရဲစွန့်လိုက်လာခဲ့ခြင်းဖြစ်သည်။

ဆောနူး လူနာဘေးမှာဝင်ထိုင်လိုက်ပြီး သွေးကြောစမ်းတော့ အမှန်တကယ်ပင် သွေးခုန်နှုန်းတွေမမှန်တော့ဘဲ ဖျော့တော့နေပြီဖြစ်သည်။

" သမားတော်ကြီး ကျွန်တော်လည်း ကိုယ့်အခြေအနေကို သဘောပေါက်ပါတယ်။

ကျွန်တော့်သားလေးတွေကို အပ်ပါတယ် စောင့်ရှောက်ပေးပါဦး။

ကျွန်တော့်အမျိုးသမီးကိုလည်း ကျွန်တော် သိပ်ချစ်တယ်ဆိုတဲ့အကြောင်းနဲ့ ဒီလိုမျိုး အရင်သွားနှင့်ရလို့ အားနာကြောင်းပြောပေးပါဦး။

၃ယောက်လုံး ကျွန်တော့်အတွက် ဝမ်းနည်းမနေဘဲ ဂုဏ်ယူနေပေးပါလို့လည်းပြောပေးပါ။"

မောနေသည့်ကြားမှ မိသားစုအတွက် အမှာစကားပါးနေသော လူနာဟျောင်းကြောင့်ဆောနူး မငိုမိအောင်ထိန်းထားသည့်ကြားမှ မျက်ရည်တွေက အတားအဆီးမရှိကျဆင်းလာသည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now