10.သေမင်းတမန်စစ်သူကြီး

296 63 8
                                    

အိမ်တော်မှာ ဆေးဖော်စပ်စရာ ဆေးအမယ်တချို့ ကုန်နေတာကြောင့် ဂျောင်ဝန်းနီးကိုအဖော်ခေါ်ကာ မြို့တော်ထဲရှိဆေးဆိုင်သို့ ချီတက်လာခဲ့သည်။

ဒီနေ့ထူးထူးခြားခြား မြို့တော်ထဲကလူတွေက တစ်စုံတစ်ရာကိုစောင့်မျှော်နေကြသလိုမျိုး မြို့အဝင်ဝဆီသို တမျှော်မျှော်ရှိရုံသာမက တူရိယာသမားများကလည်း လမ်းဘေးဇရပ်များပေါ်တွင်နေရာယူကာ ပျော်ရွှင်မြူးတူးစွာတီးခတ်နေကြသည်။

မြို့တော်ထဲကို လိုအပ်တဲ့ဆေးပစ္စည်းဝယ်တဲ့အချိန် တခါတလေသာရောက်ဖြစ်ပြီး ကျန်တဲ့အချိန်တေယ်တော်တော်များများမှာ မြို့စွန်ကအိမ်တော်လေးထဲမှာပဲ အချိန်ကုန်နေတတ်တာမို့ နန်းမြို့ထဲမှာ ဖြစ်ပျက်နေတာတွေနဲ့အလှမ်းဝေးခဲ့တာကြာခဲ့လေပြီ။
ယခုမြင်ကွင်းက ထူးခြားနေတာနဲ့ ဆေးဆိုင်ပိုင်ရှင်ကိုစပ်စုကြည့်လိုက်မိသည်။
ဂျောင်ဝန်းနီးကတော့ ဒီနေ့မှ အထူးတလည်မြို့တော်အကြောင်းမေးမြန်နေသောကျွန်တော့်ကိုအထူးတဆန်းဖြစ်နေတော့သည်။

" လူကြီးမင်းမသိသေးဘူးပဲ။
ဒီနေ့ ကျုပ်တို့ဂိုဂူလျောရဲ့ ထိတ်ထိတ်ကြဲ သေမင်းတမန်စစ်သူကြီးက သူ့ရဲ့စစ်တပ်နဲ့အတူ စစ်နိုင်ပြီးပြန်လာမှာကိုကြိုနေကြတာပဲ ။

အဲဒီစစ်သူကြီးက ဒီနှစ်နှစ်အတွင်းတိုက်သမျှစစ်ပွဲတိုင်းအောင်နိုင်လို့ သူ့ကိုဆို ရန်သူတပ်တွေက သိပ်ကိုကြောက်ကြတာ။
လွန်ခဲ့တဲ့၂နှစ်ကမှ ဂိုဂူလျောမှာကျင်းပတဲ့အထူးစစ်သည်ရွေးချယ်ပွဲမှာ ဗိုလ်စွဲပြီး စစ်သူကြီးဖြစ်ခဲ့တာ ၂နှစ်အတွင်းမှာကို စစ်သူကြီးချုပ်ရာထူးအထိရခဲ့ပြီဆိုတာ တော်ရုံအရည်အချင်းမှမဟုတ်ဘဲ။

ကြားရသလောက်က အရမ်းကိုသွေးအေးရက်စက်ပြီး ရန်သူတွေကိုသုတ်သင်ရှင်းလင်းရာမှာသာမက
သူ့ကိုလာရှုပ်တဲ့သူတွေကိုလည်း မျက်တောင်တောင်မခတ်ဘဲသတ်ပစ်တာမို့ မကောင်းဆိုးဝါးတစ်ကောင်လိုပဲကြောက်စရာကောင်းတယ်တဲ့။
ဒါပေမယ့် ကျုပ်တို့ဂိုဂူလျောမှာ သူရှိနေတော့ တော်ရုံရန်သူ့နိုင်ငံတွေ လာမကျူးကျော်နိုင်တော့တာမို့ ပြည်သူတွေက ချစ်ခင်လေးစားကြတယ်။ "

Majestic Love Story In Dae Goguyeo Where stories live. Discover now