31.မထင်မှတ်ထားသောလူနာရှင်

323 57 17
                                    

" ကိုယ့်အဖေကလည်း ပင်လယ်ပျော်လေ။

ဆူနိုင်ငံနဲ့ ရေတပ်စီးချင်းထိုးတဲ့စစ်ပွဲမှာ ကျဆုံးသွားခဲ့တာ။

အသက် ၅၀ ကျော်နေပြီဖြစ်တဲ့အဖေက လူငယ်စစ်သည်တွေနဲ့အတူ တိုက်ပွဲမှာ တက်တက်ကြွကြွပဲအသက်ပေးသွားခဲ့တာပေါ့။

အဲဒီတိုက်ပွဲတုန်းကဆူနိုင်ငံရေတပ်က ဂိုဂူလျောထက် အဆပေါင်းများစွာ အင်အားသာလွန်တယ်။

သာလွန်အင်အားကို ဉာဏ်သုံးပြီး အောင်နိုင်ခဲ့တဲ့တိုက်ပွဲမို့ အဖေ့သက်တမ်းတစ်လျှောက်မှာတော့သိပ်ကိုဂုဏ်ယူစရာ တိုက်ပွဲဆိုလည်းမမှားဘူး။

စစ်သူကြီးဆိုတာ စစ်တိုက်ရင်းပဲသေချင်တယ်ဆိုတဲ့စကားအတိုင်း အဖေက တစ်ဖက်လှေပေါ်ဆုတ်ခွာပြေးလို့ရပေမယ့် မပြေးခဲ့ဘဲ ရှေ့ပြေးလှေပေါ်မှာပဲ ဆူနိုင်ငံရေတပ်တွေကို တိုက်ခိုက်ရင်း သိက္ခာရှိရှိကျဆုံးသွားခဲ့တာ။

အဲဒီတိုက်ပွဲမှာ တစ်ဖက်ရန်သူက သာလွန်အင်အားဖြစ်နေတာကြောင့် အဖေတို့ဘက်စစ်သည်တွေကအစပိုင်းမှာ စိတ်ဓာတ်ကျပြီး တွန့်ဆုတ်နေတာကိုသိတဲ့အဖေက စိတ်ဓာတ်တက်ကြွအောင် သူကိုယ်တိုင် တပ်ဦးကရှေ့ပြေးလှေပေါ်မှာ အားကုန်သုံးပြီးတိုက်ခဲ့တယ်။

စစ်သူကြီးချုပ်ကိုယ်တိုင် ရှေ့ဆုံးကနေ အားတက်သရောတိုက်ခိုက်နေတော့ ကျန်တဲ့စစ်သည်တွေလည်း တွန့်ဆုတ်မနေရဲတော့ဘူး အချောင်လည်းမခိုရဲတော့ဘူး သူတို့ရှေ့မှာ မားမားမတ်မတ်ရပ်နေပေးမယ့်စစ်သူကြီးချုပ်ရှိတယ်ဆိုတဲ့အသိနဲ့ အကုန်လုံးစိတ်ဓာတ်ပြန်တက်ကြွလာပြီး အားကုန်တိုက်တော့တာပဲ။

ဒီလိုနဲ့ အဲဒီတိုက်ပွဲမှာ တစ်ဖက်ရန်သူလှေတွေအကုန်လုံးကို ဒီပင်လယ်ထဲမှာ ကောင်းကောင်းကြီး မြှုပ်ပစ်လိုက်နိုင်ခဲ့ပြီးအောင်နိုင်ခဲ့တာပေါ့။

အဖေက ကိုယ့်ကိုလည်း သူ့လိုစစ်သူကြီးကောင်းတစ်ယောက် အမြဲဖြစ်စေချင်ခဲ့တာလေ။

အဖေပြောနေကျစကားရှိတယ်။

ပင်လယ်ပြင်မှာနေရင် တစ်ဖက်ရန်သူရဲ့အရိပ်အကဲသာမက ပင်လယ်ရဲ့အရိပ်အကဲကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေရမယ်တဲ့။

Majestic Love Story In Dae Goguyeo Where stories live. Discover now