46.အနောက်ကုန်းတွင် နေလုံးကွယ်ချေပြီတကား

247 48 11
                                    

တိုက်ပွဲအရှိန်တက်လာနှင့်အမျှ ဘုရင်နှင့်မျိုးနွယ်စုများဘက်မှ စစ်အင်အားကို ရှိသမျှ အစွမ်းကုန်ထုတ်သုံးလာသည်။

တိုင်းပြည်အတွင်းမီးကို အိမ်နီးချင်နိုင်ငံများမသိအောင် ဖုံးဖိနေခဲ့သော်လည်း ကြာကြာဖုံးဖိ၍မရချေ။

ထန်နိုင်ငံအပါအဝင် ဘတ်ဂျယ်၊ ရှီလာ၊
ဂါယာ နိုင်ငံများအထိပါ ပျံ့နှံ့သွားသော ပြည်တွင်းစစ်သတင်းကြောင့် နိုင်ငံအားလုံးကစောင့်ကြည့်နေသည့်အခြေအနေကိုရောက်လာခဲ့သည်။

စောင့်ကြည့်နေသည်မှာ ကောင်းသောရည်ရွယ်ချက်ကြောင့်တော့မဟုတ်ပေ။

ပြည်တွင်းစစ်ကြောင့် အချင်းချင်းတိုက်ခိုက်ကြရင်း အတွင်းကြေကြေသွားမည့်ဂိုဂူလျောကို အလွယ်တကူကျူးကျော်ကြဖို့ စောင့်ကြည့်နေတာဖြစ်သည်။

ထို့ကြောင့် ဆောင်ဟွန်းမှာ တော်လှန်ရေးသာမက တော်လှန်ရေးပြီးသွားသည့်အခါ နိုင်ငံကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးများအတွက်ပါ ယခုကတည်းက ကြိုတင်
အစီအစဥ်ဆွဲနေရပြီဖြစ်သည်။

" ကျွန်တော်တို့ဆီ ရိက္ခာအထောက်ပံ့ပေးတဲ့ ရွာကြီးတွေထဲက နှစ်ရွာကို ဘုရင့်တပ်တွေက ညဘက်ဝင်စီးပြီး မီးလောင်တိုက်သွင်းသွားတယ်လို့သတင်းပို့လာပါတယ် စစ်သူကြီးချုပ်။
ရွာသားတွေလည်း ဘေးလွတ်ရာကိုရှောင်တိမ်းနေရပြီး ဒုက္ခရောက်နေပါတယ်တဲ့"

မနက်လင်းတာနဲ့ကြားရတဲ့သတင်းကြောင့် ဆောင်ဟွန်းလက်သီးကိုတင်းတင်းဆုပ်မိသွားသည်။

ဘုရင်ဖြစ်ပြီး လက်နက်မဲ့ ပြည်သူပြည်သားတွေကို အနိုင်ကျင့်ဖျက်စီးခြင်းက စက်ဆုပ်စရာကောင်းလွန်းသည်။

" သူတို့ဘက် အဲဒီရွာနှစ်ရွာကို ဝင်စီးထားတဲ့ စစ်အင်အားခန့်မှန်းခြေ ဘယ်လောက်ရှိလဲ "

ဆောင်ဟွန်းအမေးကြောင့်ဟုန်ရှစ်က သတင်းပေးစာကိုသေချာပြန်ဖတ်ကြည့်ပြီး
ခန့်မှန်းချေ ထောင်ဂဏန်းစီပါပဲဟု ဖြေကြားလာသည်။

" အရမ်းမများတဲ့အနေအထားမို့ ကျွန်တော် အရံတပ်ခွဲ နှစ်ခုကို ဦးဆောင်ပြီး ချက်ချင်းပဲ ပြန်သွားတိုက်ပါမယ်။
စစ်သူကြီးချုပ်အရင်နေ့က မြားဒဏ်ရာမကျက်သေးတာမို့ စိတ်မပူဘဲနေခဲ့ပါ"

Majestic Love Story In Dae Goguyeo Where stories live. Discover now