32. အမှန်တရားအပိုင်းအစ

315 59 12
                                    

ထိုနန်းတွင်းသူက ဆောနူးကိုချက်ချင်းမမှတ်မိပေမယ့် အချိန်အတန်ကြာသူ့ကို ကြောင်ငေးကြည့်နေမိတဲ့အခါ ဆောနူးကိုစတင်သတိထားမိသွားပုံရသည်။

" ဟို ကျွန်မကိုခွင့်ပြုပါဦး သမားတော်ကြီးကိုအားနာပေမယ့် ကျွန်မ ဒီလောက်နဲ့ပဲ ပြန်လိုက်ပါတော့မယ်"

ထိတ်လန့်ကာ ထွက်ပြေးဖို့လုပ်နေတဲ့နန်းတွင်းသူကို အလောတကြီး လှမ်းဆွဲလိုက်မိသည်။

" ငါက သမားတော်ပါ ကျန်တာမတွေးနဲ့ လူနာရဲ့အသက်ကအရေးကြီးတယ် ရှေ့ကလမ်းပြ "

ဆောနူးက လမ်းပြဖို့ပြောလိုက်တော့ နေရာမှာတင်ရပ်ကာ တစ်စုံတစ်ခုကို စဥ်းစားတွေဝေနေပုံရသည်။
အတော်အတန်ကြာပြီးမှ စိတ်ဆုံးဖြတ်ကာ ဆောနူးကို လူနာရှိရာဆီ ခေါ်သွားသည်။

ချောင်ကျသောတည်းခိုခန်းအသေးလေးတစ်ခုရဲ့အခန်းငယ်လေးတစ်ခန်းရှေ့အရောက်မှာတော့
ဆောနူးကိုခေါင်းငြိမ့်ပြကာ အခန်းတံခါးကိုဖွင့်ပြီး အခန်းထဲသို့ဖိတ်ခေါ်လိုက်သည်။

အခန်းအတွင်းက ကုတင်ပေါ်မှာဖျော့တော့စွာလှဲလျောင်းနေသောလူနာကိုမြင်လိုက်ရချိန်မှာတော့ ဆောနူးဒုတိယအကြိမ် အံ့သြခြင်းကြီးစွာဖြစ်ရသည်။

" ဂျောင်ဘူအင်"

ဂျောင်ဘူအင်ဆိုတာ  ခမည်းတော်၏မိဖုရားငယ်တစ်ပါးဖြစ်သည်။ ဆောနူးမှတ်မိသလောက်ဆိုလျှင်
ဂျောင်ဘူအင်က နန်းတွင်းသူတစ်ဦးဖြစ်ခဲ့ပြီး ခမည်းတော်ကတော်ကောက်လိုက်တာကြောင့် မိဖုရားငယ်တစ်ပါးဖြစ်လာခဲ့ပေမယ့် ကံဆိုးရှာသူဖြစ်သည်။

မိဖုရားဖြစ်လာပြီး သိပ်မကြာမီမှာပဲ တော်ဝင်အမဲလိုက်ပွဲမှာ မိဖုရားများအပျော်တမ်းအမဲလိုက်ပြိုင်ကြရင်းကနေ တောထဲမှာ အစအနရှာမရအောင်ပျောက်ဆုံးသွားခဲ့တာပင်။

ထိုစဥ်က ယနေ့ညဆောနူးကိုလာခေါ်တဲ့နန်းတွင်းသူမှာ ရေတွင်းထဲကျကာသေဆုံးသွားပြီးရက်ပိုင်းသာရှိသေးချိန်ဖြစ်လို့  နန်းတွင်းတစ်ခွင် ထိုသတင်းနှစ်ခုမှာ မကြားချင်မှအဆုံးသတင်းများပျံ့လွင့်နေခဲ့တာကြောင့်မှတ်မိနေတာဖြစ်သည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now