8.ခွဲခွာချိန်

349 60 12
                                    

" ယောက်ျားလေးနှစ်ယောက် အချင်းချင်းမျက်စိရှက်စရာအပြုအမူမျိုးပြုမူနေတာပဲ "...

အသံကြားရာတစ်ဖက်ခန်းဆီသို့နှစ်ယောက်သား
လှည့်ကြည့်လိုက်ချိန်မှာတော့ မိန်းကလေးငယ်တစ်ဦးက သူတို့ရှိရာအခန်းဘက်ကိုကြည့်ရင်းလက်ညှိုးထိုးကာပြောနေခြင်းဖြစ်သည်။

မျက်နှာကပဝါပြေကျသွားပြီး ဟွန်းက မျက်နှာကိုမြင်သွားတာကြောင့် ဟွန်းအတွက်စိုးရိမ်စိတ်နဲ့ ပူပန်နေရင်း ပတ်ဝန်းကျင်ကိုသတိမထားမိခဲ့ချေ။
ဟိုဘက်အခန်းမှာ မိန်းကလေးတစ်ယောက်ရှိနေမှန်းအသံကြားမှ သိလိုက်ရသည်။

ဆောနူးလိုပဲ မျက်နှာကိုအဝတ်နဲ့အုပ်ထားတာမို့ အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရသည်။
ပိုးဖဲတွေဝတ်ဆင်ထားတာကြောင့် လူကုံထံအသိုင်းအဝိုင်းမှဖြစ်ဟန်တူပြီး အချုပ်ခန်းထဲမှာရောက်နေပေမယ့်လည်း အဖမ်းခံထားရတာနဲ့နည်းနည်းလေးမှ မတူချေ။ သို့ပေမယ့်လည်းမိန်းကလေးတစ်ယောက်တည်း ဒီလိုနေရာရောက်နေတာကြောင့် ဆောနူးစိတ်ထဲစိတ်မကောင်းဖြစ်သွားရသည်။

" မင်းရောအဖမ်းခံထားရတာလား ဘာလို့အဖမ်းခံထားရတာလဲ"

ဆောနူးရဲ့အမေးကိုပြန်မဖြေနိုင်ခင်မှာပဲ အချုပ်ခန်းအပြင်မှ လူသံတွေကြားလိုက်ရပြီးနောက် လူကြီးနှစ်ဦး အမျိုးသမီးကြီးတစ်ဦးနှင့် ဆောနူးတို့ကိုဖမ်းခေါ်လာသောကြေးစားအဖွဲ့များဝင်ရောက်လာသည်။
အားလုံးရဲ့မျက်နှာမှာ အဝတ်နက်တွေနဲ့ဖုံးအုပ်ထားကြတာကြောင့်လူသိမခံချင်တဲ့ ကိစ္စတစ်ခုခုကိုကျူးလွန်တော့မှာသိသာနေသည်။
လူကြီးနှစ်ဦးနှင့် အမျိုးသမီးကြီးမှာတော့ တစ်ဖက်ခန်းကိုဝင်သွားပြီး တစ်ဖက်ခန်းရှိမိန်းကလေးက ဝင်လာသူများကို အရိုအသေပြုနေတာမြင်လိုက်ရသည်။

နှစ်ယောက်သားလက်မှ လက်ပြန်ကြိုးတုပ်ထားတာတွေရောမျက်လုံးမှာစည်းထားတဲ့အဝတ်တွေရော ဖြည်ချထားတာကိုတွေ့သွားပြီးနောက် ကြေးစားလူမိုက်များထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက ကျယ်ကျယ်လောင်လောင်အော်ဟစ်လိုက်ကာ
ဆောနူးတို့နှစ်ယောက်ရှိနေတဲ့ အချုပ်ခန်းတံခါးကိုဖွင့်ပြီးဝင်လာသည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now