18. စစ်မှန်သောအိမ်ထောင်ဖက်

407 69 8
                                    

ရင်ခွင်ထဲကိုပြိုကျလာသောကိုယ်ငယ်လေးကိုအသာအယာပွေ့ယူပြီး နန်းဆောင်အတွင်းရှိ ကုတင်ပေါ်ကိုတင်လိုက်သည်။
ထို့နောက် သူမမြင်စေချင်သော မျက်နှာလေးကို အခြားသူတွေမမြင်စေရန် အဝတ်ပါးဖြင့်အသာအယာပြန်ဖုံးကွယ်ပေးဖို့လည်းမမေ့ခဲ့ပေ။

" အပြင်မှာဘယ်သူရှိလဲ ချက်ချင်းသမားတော်ခေါ်ခဲ့"
ခေါ်သံကြောင့်
နန်းတွင်းသူတစ်ယောက်ပြေးဝင်လာသော်လည်း သမားတော်သွားခေါ်ပေးဖို့
တွန့်ဆုတ်နေဟန်ဖြစ်နေတာကြောင့်
ဆောင်ဟွန်း လေသံကိုပို၍အေးစက်လိုက်ပြီး မျက်မှောင်ကြုံ့ကာထပ်ပြောလိုက်သည်။

" အခုချက်ချင်းသမားတော်သွားခေါ်ခဲ့ဖို့ပြောနေတာမကြားဘူးလား 
အသက်ဘယ်နှချောင်းအပိုပါလဲ "

ထိုအခါမှ နန်းတွင်းသူလေးက
ကြောက်လန့်တကြားအပြင်ဘက်ကိုထွက်ပြေးသွားလေသည်။

မကြာမီမှာပင် နန်းတွင်းသူလေးပြန်ဝင်လာသော်လည်း အတူပါလာသူက သမားတော်မဟုတ်ဘဲ နန်းဆောင်ကြီးကြပ်ရေးရှန့်ကုန်းတစ်ယောက်ဖြစ်နေတာကြောင့် စိတ်မရှည်မှုနဲ့အတူ ဒေါသတို့က ထိန်းမရတော့ပေ။

" သမားတော်ခေါ်ခဲ့လို့မှာလိုက်တာ လူစကားနားမလည်ဘူးလား "

ဆောင်ဟွန်းရဲ့အော်ဟစ်သံကြောင့်နန်းတွင်းသူလေးတွေမှာ ကြောက်လန့်လွန်း၍ တုန်ရီနေပြီး ကမန်းကတမ်း ဒူးထောက်ချလိုက်သည်။

နန်းဆောင်ကြီးကြပ်ရေးရှန့်ကုန်းကတော့ နေရာမှာတင်ရပ်ကာ မျက်စိမျက်နှာပျက်လျှက်ဖြေရှင်းချက်ပေးလာသည်။

" ဒယ်ဂွန်က ကံဆိုးစေတဲ့သူဖြစ်တာကြောင့် အရှင်မင်းကြီးနဲ့တကွ တော်ဝင်မိသားစုတွေကိုကုသပေးနေတဲ့ တော်ဝင်သမားတော်ကြီးနဲ့ ကုသပေးဖို့မဖြစ်နိုင်ကြောင်းပါစစ်သူကြီးချုပ် ။

အကယ်၍ နန်းတွင်းထဲက သမားတော်တစ်ယောက်ယောက်က ဒယ်ဂွန်ကိုကုသပေးပြီး ကံဆိုးမှုတွေလက်ခံလိုက်ရရင် တော်ဝင်မိသားစုကိုကုသနေတဲ့သမားတော်တွေအားလုံးဆီကိုပါ ကံဆိုးမှုတွေကူးစက်သွားစေမှာ စိုးတာကြောင့်ပါ။

Majestic Love Story In Dae Goguyeo Where stories live. Discover now