51. မထင်မှတ်ထားသောအကူအညီ (2)

252 50 8
                                    

မှောင်ရီပျိုးစအချိန်ကိုကျော်လွန်ပြီး ညအချိန်သို့ရောက်လာသော်လည်း
ဆောင်ဟွန်းတို့စစ်စခန်းအတွင်းမှာ စစ်သည်များအားလုံး
အနားယူခြင်းမရှိဘဲ
ချပ်ဝတ်တန်ဆာအပြည့်ဖြင့် အသင့်အနေအထားပြင်ကာ အမိန့်ကိုစောင့်ဆိုင်းနေကြသည်။

မကြာမီမှာပင် အမိန့်ပေးသံကြားလိုက်ရပြီးနောက် မရေမတွက်နိုင်အောင်များပြားလှသောစစ်သည်များမှာ ခြေသံပင်မကြားရအောင် စခန်းအတွင်းမှ တိတ်တဆိတ်ထွက်ခွာသွားကြလေသည်။
.
.
.
.
ကံဆိုးစေသောညီတော်ဖြစ်သူ၏မျက်နှာကို ကြည့်မိပြီးနောက် ဘုရင်မှာ ဆောက်တည်ရာမရဖြစ်ကာ နတ်ဆရာမကိုဆင့်ခေါ်ပြီးနောက်သူ့အပေါ်သို့ကံဆိုးမှုများမကျရောက်စေရန် အစီအရင်များဖြင့်စီရင်စေသည်။

သူ့အပေါ်ကျရောက်လာမည့်ကံဆိုးမှုများကို ဟွမ်ဟု(မိဖုရားခေါင်) ထံ တိတ်တဆိတ် လွှဲပြောင်းစေသည်။

ထို့နောက်မှ စိတ်သက်သာရာရသွားသောဘုရင်က ထုံးစံအတိုင်း သေနာပတိချုပ်ကြီးကိုခေါ်ကာ မနက်ဖြန်တွင် ဆောနူးဒယ်ဂွန်ကို နန်းရှေ့စုဝေးကွင်းတွင် ထုတ်ကာ စီရင်မည့်အကြောင်းအသေးစိတ်ဆွေးနွှေးတော့သည်။

" အရှင်မင်းကြီးကိုယ်တိုင် နန်းတော်ရှေ့ကိုထွက်လာဖို့က စွန့်စားလွန်းရာကျပါတယ်အရှင်မင်းကြီး။"

သေနာပတိချုပ်ကြီး၏ အစိုးရိမ်လွန်ကဲသော စကားကို ဘုရင်ကအလျှင်အမြန်ပင် ငြင်းပယ်လိုက်သည်။
ဒီအဘိုးကြီးများက အလွန်ကြောက်တတ်ကြသူများပင်။

ဆောနူးဒယ်ဂွန်ကို နန်းရှေ့ထုတ်ကာ သူပုန်ခေါင်းဆောင်ပတ်ဆောင်ဟွန်းကိုယ်တိုင် ပြည်သူရှေ့မှာ လက်နက်ချပြီး သူ့ကို ဒူးထောက်အညံ့ခံနေမည့်ပုံရိပ်ကို ပြည်သူအများအား တွေ့မြင်စေလိုသည်။

ထို့နောက်သူကိုယ်တိုင် သူ့လက်ဖြင့် နှစ်ယောက်လုံးကိုစီရင်မည်။

ထိုအခါမှသာ ပြည်သူများက နောက်ထပ်တော်လှန်ဖို့
မစဥ်းစားရဲတော့ဘဲ တိုင်းပြည်အရေးထက် ယောက်ျားဖြစ်သူကိုသာရွေးချယ်သွားသောပတ်ဆောင်ဟွန်းနှင့်ဆောနူးဒယ်ဂွန်တို့၏ သဘာဝမကျသောဆက်ဆံရေးကို ပြည်သူအများ၏စိတ်အတွင်းမှတစ်သက်လုံးရွံမုန်းနေစေရမည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now