43.မြားဒဏ်ရာ

235 55 8
                                    

နှစ်ယောက်သား စမ်းချောင်းထဲကတက်လာတော့ အလင်းရောင်ပင်အတော်အတန်အားနည်းနေချေပြီ။

ဟွန်းက
အနီးအနားရှိ သစ်ကိုင်းခြောက်များကိုကောက်ယူကာ
စမ်းချောင်းဘေးက ကျောက်ဂူအတွင်း ရှင်းလင်းပြီး မီးပုံဖိုထားလိုက်သည်။

မီးပုံ၏အနွေးဓာတ်ကြောင့်အဝတ်အစားများမှာ​ တဖြည်းဖြည်းခြောက်သွေ့၍လာသည်။

" ကိုယ်တို့ ၁၀ နှစ်သား တုန်းက စတွေ့ခဲ့တဲ့နေ့ကိုသတိရသွားတယ်
အဲဒီတုန်းကလည်း နှစ်ယောက်သားကျောက်ဂူထဲမှာပဲညအိပ်ခဲ့ရတာ။
မင်းကခြေထောက်ဒဏ်ရာကြောင့် လမ်းတောင်ကောင်းကောင်းမလျှောက် နိုင်ခဲ့ဘူးလေ။
အခုတော့ထိခိုက်မိတာမရှိလို့တော်ပါသေးရဲ့ "

မီးပုံဘေးမှာ ထိုင်ပြီး ဟွန်းပခုံးပေါ်ခေါင်းမှီထားရင်း ဟွန်းပြောပြတဲ့ လွန်ခဲ့တဲ့၁၀ နှစ်ကအကြောင်းပြန်တွေးမိတော့မနေ့တနေ့ကလိုပင်။
အဲဒီအချိန်ကတည်းက မိတ်ဆွေတစ်ယောက်အနေနဲ့သူ့ကိုကာကွယ်ပေးခဲ့တဲ့ဟွန်းက အခုလည်း သူ့ဘေးမှာ လက်တွဲဖော်တစ်ယောက်အဖြစ်နဲ့  ကာကွယ်စောင့်ရှောက်ပေးနေဆဲပင်။

" ကိုယ်အရင်လတွေကတည်းက အဲ့ညကအကြောင်းတွေသေချာလေးပြန်မှတ်မိတယ်။

အမှန်အတိုင်းဝန်ခံရရင် အဖျားရှိန်နဲ့အိပ်ပျော်နေတဲ့မင်းကိုထိုင်ကြည့်ရင်း တစ်ညလုံးကိုယ့်စိတ်တွေလွန်ဆွဲနေခဲ့သေးတယ်။

မင်းမျက်နှာမှာ ဖုံးထားတဲ့အဝတ်ကို တိတ်တိတ်လေးဖယ်ပြီးကြည့်ရင်ကောင်းမလားဆိုပြီးလေ။

ပထမဆုံးခင်မင်ဖူးတဲ့မိတ်ဆွေမို့ မျက်နှာလေးကိုလည်းတစ်ခါလောက်မြင်ချင်တယ် မင်းစိတ်ဆိုးသွားမှာလည်းကြောက်တယ်။

ခွင့်ပြုချက်မရှိဘဲ မင်းမျက်နှာပေါ်ကအဝတ်ကိုဖယ်မိမှာစိုးလို့ ကိုယ့်စိတ်ကိုထိန်းချုပ်ရင်း စိတ်ငြိမ်အောင် ဝင်လေထွက်လေ မှတ်နေမိတာ မိုးလင်းတဲ့အထိပဲဆိုပါတော့။"

ဟွန်းရဲ့ဝန်ခံချက်ကြောင့် သူ့မျက်နှာပေါ်ကအဝတ်ကိုဖယ်သင့်မဖယ်သင့်တွေဝေနေမည့် ၁၀ နှစ်သားလေး ဟွန်းကို မြင်ယောင်ကာဆောနူး အပြုံးတွေမရပ်တန့်နိုင်တော့ပေ။

Majestic Love Story In Dae Goguyeo Hikayelerin yaşadığı yer. Şimdi keşfedin