14.ဖြတ်သန်းခဲ့ရသောအတိတ်

311 62 11
                                    

ဂျုံဆောင်းပြန်သွားပြီးနောက် ဆောင်ဟွန်း ရေးလက်စ စစ်မှတ်တမ်းကိုဒီနေ့အတွင်းအပြီးသတ်နိုင်ဖို့ကြိုးစားရင်း အချိန်ကိုသတိမမူမိချေ။
အလုပ်ပြီးသွားချိန်မှာ စာကြည့်ခန်းပြတင်းပေါက်ဆီကိုလှမ်းကြည့်လိုက်တော့ ညပင်အတော်မှောင်နေချေပြီ။
ရက်ပိုင်းအတွင်း အမုန်းဆုံး
တော်ဝင်မိသားစုဝင်တစ်ဦးနဲ့ လက်ထပ်ထိမ်းမြားရတော့မယ့်အရေးကိုတွေးကာ လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။

ထိုစဥ် စာဖတ်ခန်းရှေ့မှာ အရိပ်သဏ္ဍာန်တစ်ခုကိုမြင်လိုက်တာကြောင့် ဓားကိုဆွဲယူကာ အခန်းတံခါးဆီသို့သတိကြီးစွာချဥ်းကပ်လာခဲ့သည်။

အမေအပါအဝင် အိမ်တော်ရှိလူများအားလုံးသူ့အကြောင်းကိုသိနေတာမို့ အကြောင်းအရင်းမရှိဘဲသူ့စာကြည့်ခန်းနားတိတ်တဆိတ်ကပ်လာမည့်သူမရှိချေ။

အခန်းတံခါးကိုအလျှင်အမြန်ဖွင့်လိုက်ပြီးနောက် ထိုအရိပ်ရှိရာဆီဓားကိုရွယ်လိုက်ချိန်မှာ ခေါ်သံတိုးတိုးလေး ကြားလိုက်ရသည်။

" ဟွန်း ငါပါ ဆောန်"

ဓားကိုပြန်သိမ်းလိုက်ပြီးနောက်အခန်းထဲ ပြန်ဝင်သောအခါ ဆောန်ကလိုက်ဝင်လာပြီး အခန်းတံခါးကိုပိတ်လိုက်သည်။
ဓားကိုစာကြည့်စားပွဲပေါ်တင်နေချိန်တွင် နောက်မှ ဆောန်က ဆောင်ဟွန်းခါးကို လှမ်းဖက်လိုက်သည်။

" ဟွန်း နင် မင်္ဂလာပွဲကို တကယ်ကြီးလက်ခံလိုက်ပြီပေါ့ ငါက နင် ငြင်းမယ်လို့ထင်နေတာ နင် မချစ်တဲ့သူကို တကယ်လက်ထပ်နိုင်လို့လား "

" ဒီအချိန်က နန်းတော်ထဲမှာရှိနေရမယ့်အချိန်ပါ ဆယ်ဂျာဘင်မယ်မယ် "

ဆောင်ဟွန်းကအေးစက်စွာပြောလိုက်သော်လည်းထိုမိန်းကလေးက မမှုချေ။

" ဆောန်ပါ ဆောန်လို့ပဲ ခေါ်ပါ "

ရုန်းဖယ်ကာမှ အတင်းတိုးဖက်လာသောထိုအမျိုးသမီးငယ်ကြောင့် ဆောင်ဟွန်းစိတ်တွေမွန်းကြပ်လာတာနဲ့အတူ အတွေးတွေကလည်းအတိတ်ဆီသို့ လွင့်ပျံ့ခဲ့သည်။

ရှီလာနယ်စပ်မှာ ဓားဒဏ်ရာနဲ့လဲနေတဲ့သူ့ကို ရှီလာနိုင်ငံ၏ မင်းသမီး မိသားစုက ကယ်တင်ကာစောင့်ရှောက်ပေးထားခဲ့ခြင်းပင်။

Majestic Love Story In Dae Goguyeo Unde poveștirile trăiesc. Descoperă acum