[Unicode]
ထိုလူကကျောင်းဝန်းထဲကနေအပြင်ကိုထွက်နေတာဖြစ်သည်။ခေါင်းလေးပြူကာကြည့်မိတော့ သူတို့နောက်မှာ အနက်ရောင်ဝတ်စုံနဲ့လူတွေအယောက်နှစ်ဆယ်လောက်ကပ်ပါလာသည်။" Jk......မင်း သူ့ကိုခေါ် လာမလို့လား......? "
" ဟုတ်တယ် ကိုယ်တော်မိဖုရားကကိုယ်တော်နဲ့ဘဲနေရမယ်....."
" ဟင့်အင်း.....ဖယ် လွတ် ငါက မင်းငါ့အိမ်ပြန်လိုက်ပို့ပေးမယ်ထင်နေတာ "
" မောင်တော်တို့အိမ်ကိုဘဲသွားနေတာဘဲကွာ.....သဘောကျမှာပါ "
" ငါပြောနေတယ်နော် အောက်ချပေး.....ငါ့အိမ်ငါပြန်မှာ.... "
မိဖုရားလေးကကြည့်ရတာအရိုင်းဆန်နေသည်။ဒီပုံတိုင်းသာဆက်သွားနေရင် ထိုးကြိတ်ပွဲတွေဆက်ဖြစ်လာအုန်းမှာသေချာနေပြီမို့ ဝင်တားရပေအုန်းမည်။
" မင်းကြီး ကျွန်တော်မျိုးပြောတာကို ခနလေးနားထောင်တော်မူပါအုန်း....."
" အထိန်းတော်ဂျင် ကိုယ်တော် ဘယ်လောက်စောင့်နေရတယ်ဆိုတာကိုမောင်မင်းအသိဆုံးပါ
စကားသံထက်မကြားချင်ဘူး "
" မင်း......မင်ကြီး
မိဖုရားကအခုမှတွေ့ကာစဆိုတော့ ရင်းနှီးမှုယူရအုန်းမယ်ထင်ပါတယ် ဘယ်အရာမဆိုဇွတ်မလုပ်တာအကောင်းဆုံးပါ
မင်းကြီးရဲ့ဘုန်းကံဉာဏ်ပညာနဲ့ဆင်ခြင်ဆုံးဖြတ်တော်မူပါ မင်းကြီးဘုရား......"
" အထိန်းတော်ကြီးပြောတာဘယ်တုန်းကမမှားခဲ့ဘူး
ကောင်းပြီ အိမ်ပြန်ပို့ပေးလိုက်......!! "
အမလေးမောလိုက်တာ မယားထရူးရှင်ဘုရင်ရယ် တွေ့တာနဲ့တန်းဗူးတာ ဟိုကရိုက်မသတ်လိုက်တာတောင်ကံကောင်းတယ်မှတ်။
" အထိန်းတော်ဂျင်.....လိုက်ပို့ပြီးသေချာလေးစီစဉ်ပေးခဲ့ ကိုယ်တော်က စိတ်ချတာမဟုတ်ဘူး "
" မှန်လှပါ ကျွန်တော်မျိုးလိုက်သွားပါ့မယ် မင်းကြီးက ဆေးထည့်ပြီးအနားယူနှင့်ပါ "
" ကောင်းပြီ သွားတော့......"
ထိုသူရဲ့ဘေးကနေတတွတ်တွတ်ပြောနေတဲ့သူက ရှေ့မှာလာပိတ်ရပ်ပြီး လိုက်လို့မမှီတဲ့စကားတွေလာလာပြောနေသည်။အစကတော့ ထိုမုဒိန်းကောင်ဘဲရူးနေတယ်ထင်တာ သူ့ဘေးကလူကပိုဆိုးနေမှန်းအခုမှသိရတော့သည်။ဘယ်လိုဘဲဖြစ်ဖြစ်အိမ်ပြန်ရမှာဘဲလေ။သူတို့အုပ်စုကိုတစ်ယောက်ထဲချပြီးပြန်ဖို့ရာက သုံညဂာခိုင်နှုန်းတောင်မဟုတ်နိုင်။