[Unicode]
ကလေးငယ်တွေအကုန်အတူကြီးပြင်းလာကြတာမို့သားငယ်နှစ်ယောက်ကခွဲမရအောင်ကိုချစ်ခင်ကြသည်။ဝွန်းလေးတစ်ရက်ခြားတစ်ခါလောက်နန်းဆောင်မှာလာအိပ်တက်သည်။" မယ်မယ်........ ချိုချို "
" ဟေ့ကောင်.......မင်းနော် ဘယ်အရွယ်ထိချိုချိုတောင်းနေမှာလဲကွ "
" ခမည်းတော် သွား......ဖယ်ကွာ ကိုင်နဲ့ချိုနေ "
" ကိုင်မှာကွာ ဒါငါ့မိဖုရား "
" တာမင်ဝူ့မယ်မယ်......ဟုတ်ဒယ်နော် "
" ဟုတ်တယ် ဟုတ်တယ် သားလေးမယ်မယ် "
" မောင်းထုတ်လိုက် မယ်မယ် သွား သွားချိုပြီး "
" မင်းများနေပြီနော် ဟေ့ကောင် "
" များဝူး များဝူး အင့်ကွာ အင့် အင့် "
" ဟေ့ သား.....ဟာသားရေ "
ငါးနှစ်သားအရွယ်လေးထိနို့တောင်းနေသည့်သားနဲ့မောင်တော်နဲ့ကညတိုင်းလိုလိုနပန်းသတ်ကြသည်။သားကအခုဆို လမ်းလည်းလျှောက်တက်နေတာမို့သူ့အဖေရင်ဘတ်ပေါ်တက်ထိုင်ကာမျက်နှာတွေကိုလက်နှစ်ဖက်နဲ့ဆုံရိုက်တက်သည်။မောင်တော်ကလည်းလက်တွေကိုချုပ်၍ပါးကိုတွေညှစ်ကာနမ်းသည်။အမြဲသတ်နေကြရင်းနောက်ဆုံးသားကနို့မစို့ရဘဲမောပြီးအိပ်ပျော်သွားတက်သည်။
" ကလေးကိုတအားစ......သားငယ်ညတိုင်းမောပြီးအိပ်ပျော်ရတယ် "
" မင်းသားကလူလည် သက်ညှာရဲ့ ဒင်းက ညအိပ်ရင်နို့ကိုင်ပြီးမှအိပ်တာ ကြင်ဖက်ပေးစားပစ်မှာဗျာ "
" ကလေးကို ကလေးကိုဘာတွေလျှောက်ပြောနေ "
" အာ့ နာတယ်လေ ဘာလို့ရိုက်တာလည်း ရိုက်မဲ့အစားနမ်းပါလားလို့ "
"တော် တော် ဖယ်နော် ခြေလှမ်းတွေစမလာနဲ့ "
" သက်ညှာကလည်း မင်ဝူလေးကပျင်းနေတယ်ထင်တယ် ညီမလေးတစ်ယောက်လောက်ထပ်မွေးပေးကြရအောင်နော် နော်လို့ကွာ "
" ဝွန်းလေးနဲ့ယူနာရှိတယ်လေ ဘာလို့ထပ်မွေးနေအုန်းမှာလည်းမောင်တော်ရာ "
" ယူနာလေးအပျိုဖြန်းလေးဖြစ်နေပြီလေကွာ မင်ဝူနဲ့ဝွန်းလေးကသားတွေလေ အဖော်ညီမလေးတစ်ယောက်တော့လိုချင်ကြမှာ "