Queen part _24

565 50 2
                                    

[Unicode]
ပွဲတော်တည်ပြီးတဲ့အခါ ကြာကန်သို့‌ရောက်လာကြပြီးအနားယူကြသည်။လေတိုက်ခံလို့မရတဲ့မိဖုရားမင်ရာကြောင့်ဝတ်ရုံတော်အပါးကိုပုခုံးထက်တင်လာပေးသေးသည်။

" ခမည်းတော်.....ကြာပန်းတွေလိုချင်ပါတယ် "

" ခနလေးစောင့်......သက်ညှာ လှေစီးလို့ဖြစ်ရဲ့လား "

" ဖြစ်ပါတယ် မောင်တော် "

" ခမည်းတော်တို့လှေစီးရင်းကြာပန်းတွေခူးရအောင် "

အပန်းဖြေအနားယူဆောင်ပါသီးသန့်ရှိသည့်နဂါးလှေကြီးကမိဖုရားမင်ရဲ့ကြာကန်ဆိပ်ကမ်းမှာတည်ရှိသေးသည်။ လှော်ခေတ်ပေးမဲ့ရဲမက်နှစ်ယောက်နှင့်အတူကြာကန်တစ်ပတ်လှေစီးကြသေးသည်။

" သက်ညှာကအထဲမှာနားနေလိုက် မောင်တော် ယူနာလေးကိုကြားခူးပေးလိုက်အုန်းမယ် "

" ပိုခူးခဲ့ပေး.....အဆောင်တော်တွေထဲအလှဆင်ဖို့အတွက်  "

" ကောင်းပြီ.....လှဲနေနော် တစ်ခုခုဆိုမောင်တော်ရှိနေမယ် "

ယူနာလေးနဲ့မင်းကြီးကလှေဉီးထိပ်နားသို့သွားရောက်၍လက်လှမ်းမီသလောက်ကြာပန်းတွေခူးကြသည်။

" ခမည်းတော်......ကြာခူးပြီးရင် မယ်မယ်မင်ရာကိုအလှပြင်ပေးကြရအောင် "

" ‌မယ်မယ်ကနေမကောင်ဘူးယူနာ.... ခမည်းတော်ကိုအလှပြင်ပေးမလား "

" အဲ့လိုလုပ်လို့ရလား ခမည်းတော်  "

" ယူနာပျော်မယ်ဆိုရတာပေါ့ "

" ခမည်းတော်က မယ်မယ်မင်ရာနဲ့အတူရှိနေရင် သဘောကောင်းတယ်နော်

ယူနာတို့အမြဲအတူရှိကြမလား "

" အတက်ကလေး.....ဟိုနားကတစ်ပွင့်ကပိုလှတယ် ခူးလိုက် သမီးတော် "

ကြာတွေခူးပြီးတာနဲ့တောင်းထဲထည့်ပြီးရံရွှေတော်တွေကရေဆေးသန့်စင်ပေးကြသည်။အိပ်ဆောင်ထဲပြန်ဝင်လာကြရင်း သက်ညှာဘေးငြိမ်ငြိမ်လေးထိုင်နေကြသည်။

" မင်းကြီး......လိုအပ်တာတွေအသင့်ရှိကြောင်းပါ "

" ထားခဲ့ပြီးသွားလို့ရပြီ "

Queen Where stories live. Discover now