Queen part _20

697 51 10
                                    

[Unicode]
ဂျင်နေ့လည်စာအတွက်ယူလာရင်းဆေးရုံအခန်းထဲဝင်လာတော့မင်းကြီးရင်ဘတ်ပေါ်မှာမှောက်ရက်လေးအိပ်နေသည့်မိဖုရားလေး။

" ဂျင်.....လက်ကတက်တူးဘယ်နှခုကျန်သေးလဲ.....?? "

" ဆယ်ခုဘဲကျန်ပါတော့တယ် 
ဂျီမင်းကိုပေးသိမှာလား !! "

" ဟင့်အင်း..... မသိအောင်အတက်နိုင်ဆုံးလုပ်ပါဂျင် "

" မင်းကြီးရဲ့ ခန္ဓာကိုယ်က  စတင်ပြသလာတဲ့ လက္ခာတွေကိုရောဘယ်လိုလုပ်မလဲ ?? "

" မင်လေးလုံးဝသိလို့မဖြစ်ဘူးဂျင်....."

နေ့လည်စာတွေပြင်ဆင်ပေးပြီးတာနဲ့ဂျင်အပြင်ကိုပြန်ထွက်သွားသည်။မင်းကြီးကတော့သူ့မိဖုရားလေးကျောကိုပုတ်ပေးပြီးဆံနွယ်လေးတွေကိုနမ်းရှိုက်နေပြန်သည်။

" ဂျွန်.....ဟွား....နိုးနေတာကြာပြီလား ?? "

" မအိပ်ရသေးတာ.....ထတော့ ကိုယ်နေ့လည်စာပြင်ခိုင်းထားတယ် "

" အွင်း....မင်းကြီးယောက်ကျားကချီပေး "

" ဘယ်လိုတောင်စကားတွေတက်နေရတာတုန်း

ကိုယ်ဆရာဌားပေးထားတယ် ကျောင်းမသွားနဲ့အားတဲ့အချိန် သင်နော် "

" ရေး.....မင်းကြီးယောက်ကျားကိုချစ်လိုက်တာ ကျောင်းတက်စရာမလိုတော့ဘူး "

ခရုဆန်ပြုတ်နဲ့ထောပတ်သီးဖျော်ရည်ကိုပြင်ထားပေးသည်။ကျွန်တော့်ယောက်ကျားကတော့ ရေဘဝဲအစပ်ချက်နဲ့ပဲခေါက်ဆွဲစားနေသည်။

" စားချင်နေတာသိပင်မဲ့ မစားနဲ့အုန်းနော် "

" အင်းပါ ယောက်ကျားရဲ့ !! "

ဘာလို့များအရင်ကထက်ဆက်ဆံရေးတွေနီးစပ်လာတာလဲ သက်ညှာ၊မောင့်ကိုစိတ်မချအောင်မလုပ်ပါနဲ့ကွာ။

" ယောက်ကျား.....သက်သာပြီလား ကျွန်တော်အိမ်ပြန်ချင်တယ် "

" အခုပြန်ကြမယ်......"

အကျီလဲပြီးကောက်ထွက်လာတော့ အခန်းရှေ့က bodyguard ခြောက်ယောက်လောက်ကခေါင်းငုံပြီးအရိုသေပေးကြသည်။ရှင်ဘုရင်ဇာတာနဲ့မွေးဖွားလာတဲ့‌‌ယောက်ကျားမို့ဘယ်ခေတ်ရောက်ရောက်မောင့်ရဲ့အရှိန်အဝါကကြီးနေမြဲပင်။

Queen Where stories live. Discover now