Queen part -29 🔞🚨

967 54 7
                                    

[Unicode]
မင်းသားကြီးဆီပညာသင်ဖို့လွတ်လိုက်တဲ့ရက်ကစပြီးလီယောင်းတစ်ယောက်မျက်ကွင်းတွေညိုညိုလာတာကိုသတိထားမိနေသည်။ကြည့်ရတာ ဂျိုဆွန်းပြည်ရဲ့ပညာကအတော်များတယ်ထင်သပါ့။

" လီယောင်း......သွားနားချေတော့ မင်းကြည့်ရတာ အဆင်‌မပြေလိုက်တာ "

" ကျွန်တော်တာဝန်ကိုကျေပွန်ပါရစေ "

" မင်းဘာပညာတွေတက်လာပြီလဲ မင်းသားကြီးကနယ်တကာလှည့်နေတာဆိုတော့ ပညာစုံမယ်ထင်တယ်နော် "

" ဟုတ် .....ဟုတ်တယ် ဆုံတာပေါ့မင်ရာရဲ့ "

" ဘာတွေသင်ကြားပေးလိုက်သလဲလီယောင်း "

ဘာတွေသင်ပေးသလဲမေးမဲ့အစားဘယ်လိုနှိပ်စက်ခံရသလဲလို့မေးပါလားမင်ရာရယ်။

ပထမရက်နန်းဆောင်ပြင်ကအိမ်တော်ကိုသွားတော့စားပွဲဝိုင်းနဲ့အသင့်စောင့်နေတဲ့မင်းသားအစုတ်၊

" ညိုလုံးလေးလာပြီကိုး..... ထိုင်ချေ ထိုင်ချေ

ကိုယ်တော်ကမျှော်နေတာကြာရောပေါ့ "

" မယ်မယ် စက်တော်မခေါ်သေးတာမို့ စောင့်ပေးနေရကြောင့်ပါ မင်းသားကြီး "

" မင်းသားကြီးဆိုတာ တစ်ပါးသူတွေအသုံးနှုန်းပါ

ညိုလုံးလေးကတော့ တစ်သီးတစ်သန့်ဖြစ်အောင် ယောက်ကျားလို့ခေါ်မလား ?? "

" ဗျာ....."

" အဟား စတာပါ စတာပါ ပညာမသင်ခင်ဉာဏ်ရွှင်နေဖို့လည်းလိုတယ်မဟုတ်လား "

" ဟုတ်....."

" အရင်စားကြရအောင်.....ပြီးမှအေးဆေးသင်ကြတာပေါ့ တစ်ညလုံးရှ်ိနေတာကို "

ပထမဆုံးသင်ခန်းစာကဓားရေးလေ့ကျင့်ဖို့အတွက် လက်ကိုင်နည်းပါတဲ့ဗျာ။ လက်ကိုနည်းမျိုးလုံးကိုင်ပြီးတစ်ညလုံး တစ်ချောင်းချင်းကိုင်လိုက်၊လက်ချောင်းတွေထဲယှက်လိုက်၊လက်သန်းချင်းချိတ်လိုက်နဲ့လက်နှစ်ဖက်ကို နည်းမျိုးစုံကိုင်ကာအသားယူသည်။

" ဒီလိုကြီးကိုင်ဖို့က လိုလို့လား "

" အိုး ဘယ်လိုတောင်ပြောလိုက်တာလည်း ဒါကအခြေခံလေ ဓားရေးအစလက်ကိုင်ခြင်းကတဲ့

Queen Where stories live. Discover now