Queen part _17🔞🚨

1.2K 64 12
                                    

[Unicode]
မိဖုရားမင်ရာဆီသွားဖို့အကြောင်းပြချက်ကောင်းတစ်ခုရနေပြီဖြစ်သည်။ မင်းသမီးလေးနဲ့အိပ်စက်သည်ဖြစ်တာကြောင့်သမီးတော်လေးကိုကြည့်ရင်းထိုမှာအိပ်စက်ဖြစ်နေသည်။

" အဟမ်း......ကိုယ်တော် သမီးတော်ယူနာအဆောင်ဆီကြွမယ်....."

" မှန်လှပါမင်ကြီး......!! "

ပိုးသားအဖြူဝမ်းဆက်လေးနဲ့သမီးတော်လေးက လက်ခုပ်တီးပြီးပြုံးပျော်နေသည်။အကြောင်းကတော့ မြောင်နိုင်ငံဝတ်စုံမဟော်ဂနီရောင်လေးနဲ့ကပြနေတဲ့မိဖုရားလေးကြောင့်ဖြစ်သည်။

" မယ်မယ်က အရမ်းတော်တာဘဲ.....!! "

" စောင်းတီးပြရမလား ယူနာ.....!! "

" ဟုတ် တီးပြပါမယ်မယ်....!!

မယ်မယ် သားချော့တေးတီးပြပါ "

" လာခဲ့ မင့်ပေါင်ပေါ်လာလှဲနေ ယူနာ.....!!  "

ကန်ရေပြင်ပေါ်မှာတည်ဆောက်ထားတဲ့အပန်းဖြေအဆောင်တော်ထဲမှာသမီးတော်နဲ့မင်လေးသာရှိနေသည်။နန်းတွင်းသူတွေနဲ့ရဲမက်တွေကအဆောင်တော်ပတ်လည်မှာစောင့်ကြပ်နေကြသည်။

" အဟမ်း...... သမီးတော် "

" ခမည်းတော်.....!! ယူနာ့ဆီလာတာလား "

" သမီးတော်လေးဆီလာတာပေါ့.....!! သက်သာလာတယ်ကြားတယ် ဟုတ်လား "

" ဟုတ်ပါတယ် ခမည်းတော်
အဖုအပိန့်တွေပျောက်ရင် အကင်းပျောက်ပြီလို့ မယ်မယ်မင်ရာကပြောပါတယ်.....!! "

" ကောင်းတာပေါ့ .....!!

လာ ခမည်းတော်ဆီ "

မင်လေးဆီကနေလက်လွဲယူပြီးရင်ခွင်ထဲထည့်ကာ‌ခေါင်းလေးကိုပုတ်ပေးလိုက်သည်။မင်လေးရဲ့စောင်းသံကိုနားထောင်ရင်းအိပ်ပျော်သွားတဲ့ယူနာလေးကို အိပ်ရာပေါ်သိပ်လိုက်ပြီး စောင်းတီးနေတဲ့ မင်လေးအနားကိုကပ်လိုက်သည်။

" အဟမ်း.....မောင်တော်ကိုစိမ်းကားလိုက်တာ ရှိနေမှန်းတောင်သိရဲ့လား "

" ယူနာလေးဆီလာတာမို့ မနှောက်ယှက်တာပါမင်းကြီး "

" ‌အော် သစ်စိမ်းချိုး ချိုးနေတော့တာပါဘဲလား !! "

Queen Where stories live. Discover now