Queen part _33

469 46 1
                                    

[Unicode]
နန်းဆောင်အတွင်းမှာမိဖုရားကိုပွေ့ချီပြီးအခန်းအနှံကိုလှည့်နေသည့်မင်းကြီးဟာစိတ်နှလုံး‌အတော်ကိုချမ်းမြေ့နေသည်။နဖူးကိုငုံနမ်းလိုက်၊လှည့်လိုက်နဲ့အတော်ကိုကျေနပ်နေဟန်ရှိသည်။

" အာ.....အား မောင်တော်

မင်မူးနေပြီ...... တော်ပြီလို့မောင်တော်ရဲ့ "

" အခုထိကိုမယုံနိုင်သေးဘူးရယ်...မောင်တော်လေသိပ်ပျော်တာဘဲသိလား

မင်းရဲ့သွေးသားနဲ့ဖြစ်တည်လာတဲ့သားတော်ကိုဝေမျှချင်တာတွေတအားဘဲရှိနေတယ် "

" ဟုတ်ပါပြီ ချပေးတော့......!! မင်ခေါင်းမူးချင်နေပြီ "

" ဟုတ်လား ဂျင်.....!! ဂျင် မြန်မြန်လာစမ်းပါ

သွား မြန်မြန်သွား သမားတော်သွားခေါ်ချေ "

မင်းကြီးရဲ့အော်သံကြောင့်အထိန်းတော်တွေနဲ့နန်းတွင်းသူတွေအကုန်ပြေးဝင်လာကြသည်။

" ဘာမှမဖြစ်ဘူးနော်.....ရတယ် ရတယ် "

" မှန်လှပါ မိဖုရား "

အောင့်သက်သက်နဲ့ခန်းဆောင်ပြင်ပကိုပြန်လည်ထွက်ခွာလာလိုက်ရသည်။လင်ကတစ်မျိူး၊မယားကတစ်မျိုးပေ။

" ဘယ်လိုဖြစ်လို့အဲ့လောက်အကဲပိုနေသတုန်း.....!!

ခေါင်းလေးမူးတာနဲ့သမားတော်ခေါ်စရာလားလို့ "

" မသိဘူး ခေါ်မှာဘဲ မောင်တော်ကသားတော်လေးကိုလုံးဝအထိခိုက်မခံနိုင်ဘူး "

" ဟူး.....မပြောကိုမပြောချင်တော့ဘူး လုပ်စရာဘာမှမရှိတော့ဘူးလား မင်လေတော်တော်အမြင်ကတ်နေပြီ ပတ်လိုက်နေတော့တာဘဲ "

" အဟန့်.....လုပ်စရာကရှိတယ် သားနဲ့မယားကိုအချိန်ပေးချင်လို့ "

ချက်ချင်းကိုရုပ်တည်ကာလက်နောက်ပစ်ပြီးချောင်းဟန့်လိုက်သေးသည်။တကယ်ပါ မှိုရသလိုမျက်နှာမျိုးဆိုတာမောင်တော့်ကိုပြောတာနေမယ်။

" ဘယ်သူကမယားလဲ ကျုပ်ကယောက်ကျား "

" ကလေးမွေးရင်မိန်းမဘဲ ဘုရင့်မိန်းမလုပ်လို့အကျိုးယုတ်တာရှိသလား "

Queen Where stories live. Discover now