Queen part _43

446 44 11
                                    

[Unicode]
မင်းကြီးညီလာခံတက်နေစဉ်မိဖုရားမင်ရာမေ့လဲတယ်ဆိုတဲ့သတင်းကြောင့်ညီလာခံကိုရပ်ဆိုင်းကာမြောက်နန်းဆောင်ကိုအမြန်ကြွနေသည်။

" ဘယ်လိုဖြစ်တာလဲ ဂျင်  "

" မင်ဝူနဲ့အဖော်ပြုနေရင်းလဲကျသွားတယ်လိုဆိုပါတယ် မင်ဝူလေးလည်းအရမ်းငိုနေပါတယ် "

" အမြန်သွားကြရအောင် ကိုယ်တော်စိတ်ပူလှပြီ "

ခြေလှမ်းတွေကိုခပ်မြန်မြန်လှမ်းကာမြောက်နန်းဆောင်ဘက်ကိုအလျှင်စလိုလျှောက်လှမ်းနေမိသည်။နန်းဆောင်ရောက်တော့သက်ညှာကိုသမားတော်တွေကကု‌သနေပြီဖြစ်သည်။

" ဘယ်လိုဖြစ်ကြတာလည်း သက်ညှာရယ်....... !!  "

" မင်လည်းမသိဘူး ခေါင်းတွေအုံပြီးမူးလာတာဘဲသိတယ် မင်ဝူရော .......သားတော် !! "

" ငိုနေလို့ ဂျင်ချော့နေတယ် သက်ညှာ အခုရောနေလို့သာရဲ့လားကွယ် "

" မင်နေသာပါတယ် ဘာမှမဖြစ်တော့ဘူး မောင်တော့်ကိုအလုပ်ပိုစေမိပြီ "

" ဘယ်လိုစကားတွေတုန်း သက်ညှာကမောင်တော့်မိဖုရားလေကွာ  "

" မင်း.......မင်းကြီး "

" အင် ဘာဖြစ်တာလည်းလျှောက်တင်စမ်း !! "

" မိဖုရားကရင်သွေးထပ်မံလွယ်ထားရကြောင်းပါ ဝမ်းမြောက်လှပါတယ်မင်းကြီး "

"  တကယ်လား !! "

" ဟုတ်မှန်ကြောင်းပါမင်းကြီး ကျွန်တော်မျိုးအသက်နဲ့အာမခံပါတယ် "

" ဒီသတင်းကိုကြေညာလိုက်တော့ !! "

မင်းကြီးကနန်းဆောင်ရောက်တာနဲ့သမားတော်တွေကိုဖြတ်ကာမိဖုရားနားသွားပြီးဇွတ်တွေစိတ်ပူပြနေတာမို့သတင်းကောင်းပြောဖို့ကိုဆက်တငန့်ငန့်နဲ့ပင်။

"  မယ်မယ် ဗိုက်ထဲမှာ ပိစိလေးရှိနေတယ်ချို ဟုတ်နား "

" ဟုတ်ပါတယ်ရှင်.......မင်ဝူရဲ့ ညီမလေးဖြစ်မယ်ထင်တယ် "

"ကောင်းလိုက်တာ ကောင်းလိုက်တာ မင်ဝူတစ်ယောက်ချိုချိုဘုံပျောက်ပြီကွ "

" ဟုတ်ဘူး ဟုတ်မလား မယ်မယ် "

" မပျောက်ဘူး ခမည်းတော်ကကျီစယ်နေတာ မင်ဝူက ညီတော်လေးလိုချင်လား ညီမတော်လေးလိုချင်လား "

Queen Where stories live. Discover now