Queen part -47

490 48 12
                                    

[Unicode]
နတ်သဘင်အစည်းဝေးကျင်းပရာအဆောင်တော်တွင် အသီးသီးရောက်ရှိလာကြတဲ့နတ်မင်းအပေါင်းက မိုးနတ်မင်းထံတာဝန်ဝတ္တရားတွေကိုတင်ပြအစီရင်ခံနေကြရသည်။

" ဒီရာသီအတွက်တာဝန်မပျက်ထမ်းဆောင်ခဲ့တဲ့ လနတ်သားပုကျိအား ‌ဗိမ္မာန်တော်ကိုအသစ်ပြင်ဆင်လို့ နတ်သမီးငါးရာခစားစေရမည် "

" ကျေးဇူးကြီးမြတ်လှပါတယ် "

" သဘာဝတရားကြီးမဖောက်ပြန်ဖို့နဲ့ လူသားတွေအပျက်ကိန်းမကြုံရဖို့ ရာသီဉတုကိုထိန်းသိမ်းကြတာသိတယ်မဟုတ်လား

ချစ်ကြည်ရေးကိုအမှီပြုလို့ လက်ဆက်ထိမ်းမြားပြီး ဉတုအသစ်တွေဖန်တီးပေးကြရတယ် "

" မှန်လှပါ မိုးနတ်မင်းကြီး "

" ဒီတစ်ခေါက်တော့ လနတ်သားနဲ့ ပင်လယ်နတ်သမီးရဲ့ အထွေးဆုံးသမီးတော် ရေဝတီနဲ့ထိမ်းမြားကြရမယ် "

" ကျွန်တော်မျိုးကိုအချိန်လေးပေးပါအုန်း  "

" ဒါဟာရှောင်လွဲလို့မရတဲ့ တာဝန်ဆိုတာ လနတ်သားသိမယ်ထင်ပါတယ် "

"ကျွန်တော်မျိုးသိပါတယ် တာဝန်ကျေအောင်လည်းကြိုးစားဆောင်ရွက်မှာပါ "

"ကောင်းပြီ "

လနတ်သားဆိုတဲ့အတိုင်းငွေရောင်အဆင်းရှိသည့်ကိုယ်ရောင်ကိုယ်ဝါနဲ့မိန်းကလေးရှုံးသည့်လှပတဲ့မျက်နှာအသားရည်ကိုပိုင်ဆိုင်ထားသည်။လမင်းရဲ့အလင်းဓာတ်ကြောင့်ငွေရောင်ဆံနွယ်တွေနဲ့နတ်သားတွေအကြားအလှဂုဏ်မောက်တယ်ဆိုပြီးကျော်ကြားလှသည့်နတ်မင်းတစ်ပါးပင်။

" ဂု ရေ "

"ညီတော် ဂုရေ  "

"အကြောင်းပြန်ပါ ခမည်းတော်စိတ်ဆိုးနေပြီ "

" အခုရောက်ရာအရပ်ကနေ ဗိမ္မာန်ကိုပြန်မကြွရင် လူပြည်ဆင်းရမယ်လို့ပြောနေတယ် "

နတ်သမီးငါးရာနဲ့ရေတံခွန်မှာတူတူပုန်းတိုင်းဆော့နေတုန်း အစ်ကိုတော်တွေရဲ့လေလှိုင်း‌အော်သံတွေပျံနှံလာခဲ့သည်။

" သခင်လေး လိုက်ရှာရမဲ့အလှည့်ရောက်ပြီ "

"ဟုတ်တယ် သခင်လေးအလှည့် "

Queen Where stories live. Discover now