Queen part _25

645 52 5
                                    

[Unicode]
ဂျိုဆွန်းပြည်ရဲ့မင်းကြီးဂျွန်လီဝူ၏မိခင် မင်ဟယ်ရာ ၏အသက်‌ခြောက်ဆယ်ပြည့်မွေးနေ့အခမ်းအနားဖြစ်သည်။နန်းတော်ရင်ပြင်၌ဖျော်ဖြေရေးမယ်‌တွေ၊အကျွေးအမွေးဖြင့်ဧည့်ခံမည့်နန်းတွင်းသူတွေအလုပ်ရှပ်နေကြသည်။

" မြန်မြန်လေးလုပ်ကြအခမ်းနားကစတော့မှာ !!  "

" ခုတွေကနေရာချကြတော့ စားသောက်ပွဲတွေယူလာခဲ့ "

နန်းတွင်းရဲ့ရာထူးအာဏာအလိုက်နန်းတော်ရင်ပြင်အနှံ့ခုံတွေကိုနေရာချပေးထားသည်။ မဏ္ဍပ်ထိုးထားတဲ့ ဘုရင့်မျိုးနွယ်တွေထိုင်ဖို့ ပုလ္လင်ကိုလည်းသီးသန့်ထားရှိထားသည်။ အလယ်‌ခေါင်မှာဘုရင့်ပုလ္လင်တော်ရှိနေပြီး လက်ယာဘက်မှာ မိဖုရားမင်ရာထိုင်ခုံ၊လက်ဝဲဘက်မှာမယ်မယ်ကြီးခုံ၊ မိဖုရားမင်ရာဘေးမှာ မင်းသားကြီး၊မိဖုရားချွဲယူရာ၊မင်းသမီးယူနာ၊ မယ်မယ်ကြီးရဲ့ဘေးမှာတော့ မိဖုရားခေါင်အတွက်ထားရှိသည်။

" ဝတ်စုံထုတ်လိုက်တော့....!! "

" ခေါင်ဖုရားကကျက်သရေရှိပြီးလှလိုက်တာ "

" မင်းကြီးက ဒီနေ့မဟော်ဂနီရောင်ဝတ်ဆင်မှာလေ ဒါကြောင့် !!  ဆံထိုးထိုးပေးစမ်း "

" မှန်လှပါခေါင်ဖုရား !! "

" မင်းကြီးရော ဝတ်ရုံတော်လဲနေပြီတဲ့လား "

" မိဖုရားမင်ရာ လဲလှယ်ပေးနေတယ်လို့ဆိုပါတယ် "

တောက်စ် !! ဒီမိန်းမတော့လား ရာရာစစ၊မင်းကြီးလိုဘယ်လိုအောက်လမ်းနည်းတွေနဲ့များမြူစွယ်ထားပါလိမ့်။

" မောင်တော်.....ဝတ်ရုံတော်ကအဘယ့်ကြောင့်  ငွေရောင်ဖြစ်နေရပါသလဲ မဟော်ဂနီရောင်ဆို "

" အင်း.....အေးချမ်းတာလေးဝတ်ဆင်ချင်လို့ "

" မင်းကြီးဖြစ်ပြီး လိမ်လည်ရင်မင်းဒဏ်သင့်ပါလိမ့်မယ်
အဘယ်ကြောင့်များ "

" မောင်တော်မင်းဆီကျရှံးနေတာမို့ သက်ညှာကမမြင်ချင်‌ယောင်ဆောင်ပေးစမ်းပါကွာ "

" ကယ်....ရပြီ.....မကိုဋ်တပ်ပေးမယ် ထိုင်ပေးမောင်တော် "

နန်းတော်ရင်ပြင်ထဲမှာမှူးကြီးမတ်ရာတွေအစုံအလင်ရောက်ရှိနေကြပြီဖြစ်သည်။ ရဲမက်တွေဝန်းရံထားတဲ့နန်းတော်ရင်ပြင်က လူများစွာဖြင့်စည်ကားနေပြီဖြစ်သည်။

Queen Where stories live. Discover now