Queen part _22

534 31 0
                                    

[Unicode]
မင်းကြီးနန်းဆောင်ကနန်းတွင်းသူတွေပြေးလွှာနေကြရသည်။ရေနွေးစပ်တဲ့သူနဲ့ ပိုးသားပိတ်စတွေယူတဲ့သူ၊ပန်းမာလာမြိုင်အဆောင်တော်ဆီသွားပြီးဆေးဖက်ဝင်အဆီအနှစ်တွေယူရတဲ့သူဖြင့်အုပ်စုကွဲကာလှုပ်ရှားနေရသည်။နန်းတွင်းသူခြောက်ယောက်လောက်လိုအပ်တဲ့ပစ္စည်းတွေသယ်ဆောင်ပြီးခန်းဆောင်တံခါးဝရှေ့မှာရပ်စောင့်နေကြသည်။

" မင်းကြီး......အသင့်ရောက်နေကြောင်းပါ "

" ဝင်လာခဲ့ကြ !! "

မင်းကြီးရဲ့အိပ်စက်ရာသလွန်တော်ခြေရင်းကနေကန်လန်ကာအနီစကိုချထားသည်။အရိပ်မည်းမည်းကိုသာမြင်ရသည့်မင်းကြီးကမိဖုရားအားရင်ခွင်ထဲထည့်ထားပုံပင်။

" ထားခဲ့ပြီးအကုန်ထွက်သွားကြ !! "

" မှန်လှပါ မင်းကြီး "

နန်းတွင်းသူတွေပြန်သွားမှ ‌လက်နောက်ပြန်ဖြင့်ကန်လန်ကာကြိုးကိုပြန်ဆွဲတင်လိုက်သည်။ဝတ်ရုံတော်ကိုခြုံလွှား၍အဝတ်စလစ်ဖြစ်နေသောမိဖုရားလေးအားသန့်ရှင်းမှုပြုရန်အတွက် ရေနွေးစပ်ထားတဲ့ရေသန့်ထဲကိုပိုးသားပိတ်စကိုထည့်နှစ်ပြီး ခြေချောင်းလေးတွေတစ်ချောင်ချင်းစီသုတ်ပေးသည်။အမွေးအမျှင်မရှိတဲ့ခြေသလုံးတွေမှာသူ့၏ပြီးမြောက်မှုအရာတွေကခြောက်ကပ်နေတာမို့ နွေးတေးတေးအစိုဝတ်ဖြင့်ညှင်သာစွာသန့်ရှင်းပေးသည်။ထို့နောက်ယောက်ကျားတစ်ယောက်၏ပိုင်ဆိုင်မှုဖြစ်သောကန်စွန်းဉလေးကိုလည်းသန့်ရှင်းစေသည်။ခန္ဓာကိုယ်အပေါ်ပိုင်းထိသန့်ရှင်းပြီးတဲ့အခါ ကိုယ်ခန္ဓာအနှံဆေးဖက်ဝင်ပန်းအဆီအနှစ်တွေဖြင့်လိမ်းကျံနှိပ်နယ်ပေးသည်။ဒါဟာ ကာမဆက်ယှက်ပြီးတိုင်းမင်းကြီးရဲကြင်နာသနားမှုတွေဖြစ်သည်။

" တအားပင်ပန်းသွားတာဘဲ !! "

ငွေရောင်ဆံနွယ်လေးတွေကိုတစ်ဖက်၌စု၍ တစ်ပတ်လျိုထုံးပေးလိုက်တော့ ပန်းနုရောင်မျက်နှာဝင်းဝင်းလေးကရှင်းလင်းစွာထွက်ပေါ်လာတော့သည်။ထိုအခါမနေနိုင်ဘဲအနမ်းတွေနယ်ကျွံမိပြန်တော့ အောက်ကနေဘယ်ညာလူးလွန့်လာမှတစ်ခန်းရပ်ပြီးရင်ခွင်ထည့်၍အိပ်စက်တော့သည်။

Queen Where stories live. Discover now