Queen part _21🚨🔞

1.2K 64 7
                                    

[Unicode]
မိဖုရားမင်ရာရဲ့ဂုဏ်သတင်းကနန်းတော်တစ်ခွင်ရောတိုင်းသူပြည်သားတွေထဲမှာပါကျော်ဇော်နေသည်။မင်းကြီးရဲ့ချစ်ခင်နှစ်သက်မှုကိုရထားတာကြောင့်လူအများရဲ့လေးစားမှုကိုခံရသည်။

" မယ်မယ်......ပညာရေးအမတ်ရောက်ရှိနေကြောင်းပါ "

" ဝင်ခိုင်းလိုက်လေ "

ကန်လန်ကာအနီရောင်ခြားထားတဲ့တစ်ဖက်မှာမိဖုရားမင်းရာကထိုင်နေပြီးစကားပြောခွင့်ရသည်။

" ကန်လန်ကာကြီးဖယ်ပေး.....!!
အမတ်မင်းနဲ့အေးဆေးစကားပြောချင်တယ် "

" မယ်မယ်...... မဖြစ်သင့်ကြောင်းပါ မင်းကြီးသာသိရင်.....!! "

" ကိစ္စမရှိပါဘူး.....မင်းကြီးရဲ့သူငယ်ချင်းမဟုတ်လား  နားစွန်နားဖျားတော့ကြားထားပါတယ် "

" ကျေးဇူးတင်ပါတယ်မယ်မယ် "

အကြမ်းရည်၊မုန့်အချိုတွေတည်ခင်းဧည့်ခံရင်းနိုင်ငံရေးတွေ၊ကဗျာတွေ၊မင်းကြီးအကြောင်းတွေကအစပြောဖြစ်ကြသည်။

" မယ်မယ်အတွက် ကျွန်တော်မျိုးရဲ့သေးနုတ်တဲ့ တံစိုးလက်ဆောင်လေးပါ

မင်းကြီးဆီကနေ မယ်မယ်က ဂီတအနုပညာကိုခုံမင်နှစ်သက်တယ်လို့ကြားသိရလို့ပါ "

" အိုး ဟိုး.....စောင်းလေးကလှလိုက်တာ မင်သေချာလေးသုံးပါ့မယ် "

" ကျေးဇူးကြီးမြတ်လှကြောင်းပါမယ်မယ်  "

ကျွန်းသစ်သားနဲ့ပြုလုပ်ပြီးသစ်စေးတင်ကာနဝရတ်ကိုးပါးကွက်၍ဆီခြယ်ထားသော စောင်းဖြစ်သည်။

" မယ်မယ်......မင်းသားကြီးဂျွန်ဆော့ရောက်ရှိနေကြောင်းပါ "

" ဝင်လာခဲ့ခိုင်းလိုက်ပါ !! "

" အိုး.....အမတ်မင်းပါရောက်ရှိနေတာကိုး!! ဟားဟား "

" မင်းကြီးရဲ့မျက်ရှူလေးကိုတည့်အောင်ပေါင်းမှရာထူးတည်မြဲနိုင်မယ်မဟုတ်လား ?? "

အမတ်မင်းရဲ့စကားကြောင့်စားဝိုင်းလေးကရီပွဲကြခဲ့ရသည်။သုံးရောက်ဖြစ်လာတာမို့ ကြာကန်ဆောင်သွားကြရင်းနေလည်စာအတွက်ပွဲတော်တည်လိုက်ကြသည်။

Queen Where stories live. Discover now