Queen part _35

563 48 5
                                    

[Unicode]
မိဖုရားနှစ်ယောက်ကလခြားအပြိုင်ကိုယ်ဝန်ရှိလာတဲ့အခါနန်းတော်ထဲမှာအားပြိုင်မှုတွေရှိလာသည်။အိမ်ရှေ့စံအဖြစ်‌ထင်ကြေးပေးခံရမှုတွေများပြားလာသည်။ညီလာခံပြီးဆုံးတိုင်အမတ်တွေကြားအိမ်ရှေ့စံဘယ်သူဖြစ်လာမလဲဆိုတာကနေကစဉ်နေ့တိုင်းကိုအငြင်းပွားနေကြသည်။

" အိမ်ရှေ့စံကဘယ်သူဆိုတာအကျပ်ရိုက်စရာဘဲ မိဖုရားမင်ရာရဲ့သွေးသားအရိုက်အရာဆက်ခံရင် ဘယ်သူမှအာဏာကြီးမှာမဟုတ်ဘူး "

" မိဖုရားဆိုဝွန်းရဲ့သွေးသားသာအရိုက်အရာဆက်ခံနိုင်ရင် တို့အနောက်ပိုင်းသားတွေအာဏာကြီးထွားပြီ "

" မိဖုရားဆိုဝွန်းသာအရိုက်ရာကိုဆက်ခံနိုင်မှာပါ ကိုယ်ဝန်ကလအတော်ရင့်နေပြီမဟုတ်လား နောက်တစ်လလောက်‌ဘဲလိုတော့တယ်လေ "

" ဟုတ်တာပေါ့...... ကြိုတင်ဂုဏ်ပြုပွဲဆင်နွဲထားရင်တောင်ရပြီ "

အမတ်တွေရဲ့အငြင်းပွားမှုတွေကို ဥပက္ခာပြုကာမြောက်နန်းဆောင်ကိုဉီးတည်လိုက်သည်။ဒီနေယောက်က္ခ‌မတော်လာမှာမို့နန်းတော်ဂိတ်ဝကနေသက်ညှာနဲ့အတူထွက်ကြိုမှာဖြစ်သည်။

" သက်ညှာ.......!! ပြင်ဆင်လို့ပြီးပြီလား "

" မင်ပြီးပါပြီ သွားကြမလား မောင်တော် "

" ကောင်းပါပြီဗျာ "

ကိုယ်ဝန်ကခြောက်လထဲမှာမို့ဗိုက်ပူပူလေးကထွက်နေသည်။နဂိုထဲကအသားဖြူသူမို့ကိုယ်ဝန်ရင့်လာသည့်အခါပို၍ပင်ဖြူစွတ်လာသည်။နီရဲရဲပါးပြင်လေးတွေမှာကအစသွေးကြောမျှင်လေးတွေကိုမြင်နေရသည်။ ပုခုံးကိုဖက်၍နှစ်ယောက်အတူယှဉ်ကာနန်းဆောင်လျှောက်လမ်းမကနေထွက်ရင်းဝေါယာဉ်ထဲကိုဝင်လိုက်ကြသည်။

အထိန်းတော်ဂျင်၊ကိုယ်ရံတော်မင်ယွန်း၊လီယောင်းနှင့်အတူအထိန်းတော်၊ရဲမက်၊နန်းတွင်းသူတွေခြံရဲလျှက်နန်းတော်ဂိတ်ဝသို့ထွက်ခွာကြသည်။မြောင်နိုင်ငံရဲ့ပြည့်ရှင်ကကျမ်းမာရေးချွို့ယွင်းချက်ကြောင့်ယောက်က္ခတော်ကယခုမှသာအလည်လာရသည်။ဖခင်ဖြစ်သူကိုတွေ့ရမှာမို့သက်ညှာကလည်းအတော်ပျော်နေပုံရသည်။

Queen Where stories live. Discover now