Queen part _15

784 55 6
                                    

[Unicode]
မြောက်နန်းဆောင်ကိုတစ်လအတွင်းပြီးစီးအောင်ဆောက်‌လုပ်ပေးသည်။မြောင်နိုင်ငံကနေအပင်လိုက်သယ်လာတဲ့ချယ်ရီပင်တွေကိုနန်းဆောင်နေရာအနှံဆောက်စိုက်စေသည်။ရံရွှေတော်တွေကိုလည်းမြောင်နိုင်ငံကနေတောင်းဆိုကာသီးသန့်တည်ရှိစေသည်။

" အထိန်းတော်ဂျုံ......လျှောက်တင်စမ်း !! "

" မယ်မယ် မိဖုရားမင်ရာကဒီနေ့မြောက်နန်းဆောင်ကိုပြောင်းမယ်လို့ပြောပါတယ်

တစ်သီးတစ်သန့်ပြုလုပ်ပေးထားတာဖြစ်ပြီး ရံရွှေတော်တွေကအစ "

"တော် တော် ဆက်မကြားနိုင်တော့ဘူး

အခုချက်ချင်း အရှေ့နန်းဆောင်ဆီသွားဖို့ပြင်လိုက် 

ဘုံရန်သူ တူရင်မိတ်ဆွေဘဲ !! "

သူမရဲ့‌ရံရွှေတော်တွေနဲ့အတူ အရှေ့နန်းဆောင်မိဖုရားချွဲယူရာဆီအကြမ်းရည်သောက်သွားသည်။ဒါကတော့ တစ်ဖက်လှည့်နဲ့သွေးထိုးနည်းဖြစ်သည်။

" မိဖုရားခေါင်းကြီးဂျုံဆယ်ဟွန်းကို ဂါဝရပြုပါတယ်.....

နန်းဆောင်ထိတောင် ဘယ်လိုအကြောင်းကိစ္စအတွက်များ.....?? "

"အကြမ်းရည်လေးသောက် စကားလည်းပြောရင်းပေါ့ ......သမီးလေး ယူနာ‌လေးရော "

" သူ့အထိန်းတော်တွေနဲ့ရှ်ိကြောင်းပါ .....ကျွန်တော်မျိုးမဧည့်ခံပါရစေ မယ်မယ် "

အရှေ့နန်းဆောင်ရဲ့မက်မွန်ပင်များစိုက်မျိုးထားတဲ့ဧည့်ဆောင်မှာ မက်မွန်အကြမ်းရည်သောက်ရင်းစကားစမြည်ပြောကြသည်။

" အမတော် မိဖုရားမင်ရာကို ဘယ်လိုမြင်လဲ "

" သူမကထူးခြားတယ် လှတယ် တစ်မူထူးတယ်လို မြင်ပါတယ်

ညီမတော်ရော ဘယ်လိုမြင်မိလည်း "

" ကြင်အန်လက္ခဏာအရမိဖုရားတစ်ပါးနဲ့ညီညွတ်ပါတယ် ဒါပင်မဲ့ညီမလည်းကြားဖူးတာပါ သူမဆံပင်တွေ "

" ဘာများဖြစ်လို့ပါလိမ့် !! "

" ဆံပင်ဖြူတွေပိုင်ဆိုင်တာက စုန်းမျိုးနွယ်တွေလို့ကြားဖူးပါတယ်....."

Queen Where stories live. Discover now