Queen part _45

581 45 28
                                    

[Unicode]
မိုင်ပေါင်း၃၄၇၀ကွာဝေးတဲ့ခရီးကိုထွက်ပြီးနှစ်သစ်မကူးခင်ဂျိုဆွန်းမြေကိုပြန်လာကြသည်။ဂျိုဆွန်းမြေမရောက်ခင်လတ်ကြားမုန်တိုင်းမိတာမို့ သစ်ပင်၌ဖူးနေသည့်အပွင့်လေးတွေအာစပြုလာပြီဖြစ်သည်။အစ်ကိုတော်ဆီစာအမြန်ပို့ကာအချိန်မမှီနိုင်ကြောင်းသတင်းပါးရသည်။

" သို့

အစ်ကိုတော် ပန်းပင်ကခူးယူလာစကအဖူးတွေဖြင့်ဝေဆာနေပါလျက် ဒီနေ့ညမုန်တိုင်းဒဏ်ကြောင့်မိုးမိတာမို့ အဖူးတွေအာစပြုနေပြီး ပွင့်လန်းတော့မည်ဖြစ်ပါတယ်

ဂျိုဆွန်းဆိပ်ကမ်းကိုဆိုက်ရောက်ကမ်းကပ်ချိန်ထိစောင့်ကာနန်းတွင်းထဲသယ်ရမည်ဆိုလျှင်အပွင့်တွေကြွေကုန်၍မိဖုရားမင်ရာ ပန်ဆင်လိုက်ရမည်မဟုတ်ချေ။

အဘယ်သို့ပြုလုပ်ချင်ပါသနည်း။ "

မင်းကြီးပြန်စာရေး၍စာပို့ခိုကနေတစ်ဆင့်ညီတော်ဆီသဝတ်လွှာပါးလိုက်သည်။

"ဆိပ်ကမ်းကိုကပ်တာနဲ့ ကိုယ်တော်စောင့်နေမှာမို့ နှစ်သစ်ကူးညအချိန်သက်ညှာဆီရ‌အောင်ဆောင်ကျဉ်းပေးမည် "

ပြန်စာရေးပြီးတာနဲ့ဖယောင်းတိုင်မီးကိုငြိမ်းသတ်ကာသလွန်တော်သို့လာလိုက်သည်။သားကိုရင်ခွင်ထဲထည့်ကာအိပ်စက်နေသည့်သက်ညှာကအခုဆိုကိုယ်ဝန်ဆိပ်တက်၍ခြေလက်တွေဖောရောင်နေသည်။အစားစားတိုင်းပြန်အန်နေပြီး ကလေးဒဏ်ကိုအတော်ခံစားနေရသည်။သားတုန်းကတောင်အခုလောက်ထိဒဏ်မခံရဖူးပေ။

" ကောင်းမွန်စွာအိပ်စက်အနားယူပါ သက်ညှာ မောင်တော့်အရိပ်မှာမင်းတို့သားမိအမြဲ‌နွေးထွေးပါစေ "

ပါးလေးတွေကိုနှစ်ဝင်အောင်တစ်ချက်စီနမ်းရင်းသက်ညှာဘေးဝင်လှဲကာခေါင်းအောက်လက်လျိုဝင်၍ခါးလေကိုခပ်ဖွဖွဖက်ကာအိပ်စက်လိုက်သည်။

" မောင်တော် ဘယ်ကြွမလို့လဲ နန်းတော်အပြင်လား ?? "

"ဟုတ်တယ် သက်ညှာ နေဝင်ရောရီချိန်လောက်ပြန်ရောက်မယ် နန်းတော်အပြင်မှာသွားယူစရာလေးရှိနေလို့ "

" အကြာင်းမကြီးရင်မသွားပါနဲ့လား မင်‌ဒီနေ့နေရတာတစ်မျိုးဖြစ်နေလို့ရယ် "

Queen Where stories live. Discover now