queen part _37

600 50 10
                                    

[Unicode]
မင်းသားငယ်ကိုဆွေပြမျိူးပြအတွက်မယ်မယ်ကြီးကချီပိုးကာနန်းဆောင်ထဲဆွေမျိုးတွေကိုလက်ခံတွေဆုံသည်။တိုင်းပြည်ရဲ့အိမ်ရှေ့စံကဖွားမြင်လာတာမို့တစ်ဉီးမကျန်လာရောက်ခစားကြရသည်။

" ကြည့်စမ်း........ငါတို့မင်းသားကြီးကသိပ်ကိုခန့်ညား‌တယ်"

" မင်းကောင်းမင်းမြတ်ရဲ့ကြင်အန်လက္ခဏာနဲ့ပြည့်စုံတယ် "

" ရွှင်ပြုံးနေတဲ့မျက်နှာထားကအေးချမ်းခြင်းကို‌ဆောင်ပြီး ဖွံထွားလှသည့်ကိုယ်ခန္ဓာကဘုန်းတန်ခိုးပြည့်စုံချင်းကိုဆောင်ပါတယ် "

မြောက်နန်းဆောင်မှာလည်းနန်းတွင်းသူတွေတစ်ချက်မနားရပေ။ မိဖုရားမီးဖွားပြီးချိန်မို့အစားအသာက်၊အနေအထိုင်အရာရာသတိကြီးစွာလုပ်ဆောင်နေရသည်။ဒီကြားထဲမင်းကြီးရဲ့အပြစ်ပေးခြင်းကိုကလည်းခံကြရသေးသည်။

" သက်ညှာလေး.......မထနဲ့ မထနဲ့

သမားတော်ကပြောထားတယ်လေ "

" မောင်တော်......သူတို့ကိုလွတ်ပေးလိုက်ပါတော့ မင်္ဂလာရှိတဲ့အချိန်မှာကောင်းတာတွေဘဲလုပ်ကြရအောင် "

" သူတို့က သက်ညှာနဲ့သားတော်ကိုနာကျင်အောင်လုပ်ထားတယ် အဲ့လောက်တော့ဒဏ်ပေးသင့်တယ် "

" မင်စကားကိုအရေးမလုပ်ဘူးပေါ့ "

" မင်ယွန်း.......!!  ညီတော်နဲ့သမားတော်ကို အကျဉ်းတိုက်ထဲကနေထုတ်ပေးလိုက်တော့ "

" မှန်လှပါမင်းကြီး "

" ကယ် ရွှေစိတ်တော်ပြေပြီလား "

အဟင်း သက်ညှာတို့နိုင်စားချက်ကတော့ အိပ်ရာပေါ်ကနေတောင်မထနိုင်သေးဘူးအာဏာတွေကပြနေပြီ။ အသားတက်စေဖို့ ကြက်ဂျင်ဆင်းပေါင်းကျွေးနေတာကိုခေါင်တစ်ဖက်စောင်းပြီးဆဒ္ဒပြသေးသည်။

" မောင်တော်တွေးထားတာရှိတယ် သက်ညှာအဆင်ပြေပါ့မလားမသိပေမဲ့လေ ပြောရမလား "

" ပြောကြည့်လေ မင် နေလို့သက်သာပါတယ်  "

" သားတော်ရဲ့ကင်ပွန်းတပ်ပွဲကြရင် မိဖုရားခေါင်နေရာပါကြေညာမှာမို့ သက်ညှာဝေါယာဉ်စီးနိုင်ပါ့မလား "

Queen Where stories live. Discover now