[Unicode]
မိဖုရားဆိုးဝွန်းကိုယ်ဝန်ကရှစ်လခွဲထဲမှာမို့ နန်းတော်ရှိလူတိုင်းအနောက်နန်းဆောင်မှာသာခြေရှုပ်နေကြသည်။ထိုလူတွေထဲမှာမင်းကြီးတော့မပါပေ။ဘယ်နေ့မီးဖွားမယ်မသိတာကြောင့်နန်းတွင်းသမားတော်တွေဟာအနောက်နန်းဆောင်ရှေ့သာယာယီတဲထိုးပြီးနေကြရသည်။" မင်းကြီး.......မိဖုရားဆိုးဝွန်းဆီကိုသတင်းစကားသွားမေးပါအုန်း မင်ကလိုပါသေးတယ် "
" လူတကာအကုန်အနောက်နန်းဆောင်ရောက်နေတာ ကိုယ်တော်ကိုအလိုရှိမတဲ့လား ?? "
" အဲ့လိုတော့မဟုတ်ဘူးလေ မင်ပြောတာက......"
" တော်ပြီ သက်ညှာ.......ကြားလူကြောင့်အချင်းမများချင်ဘူး
အခုလောလောဆယ် နွားနို့ကိုအကုန်သောက် ပြီးရင်လမ်းလျှောက်ထွက်ကြမယ် "
"ခြေထောက်ညောင်းတယ် မင်မလျှောက်ချင်ဘူးရယ် "
" ကျပ်ကျပ်လမ်းမလျှောက်နဲ့ လူလည်းဝက်ဖြူဖြစ်နေပြီသိရဲ့လား တုတ်ဖောပြီးဖောင်းကားနေတာ "
" ဟွန့်.......ကလေးတစ်ယောက်အဖေဖြစ်တော့ ညိုငြင်နေပြီပေါ့ ရပါတယ်လေ
လီယောင်း........!! မင့်ကိုလာတွဲပေး "
" အဲ့တာက အရွဲ့တိုက်တာပေါ့ ဟုတ်သလား......?? ဗိုက်ပူလာတာနဲ့ပြောစကားကနားမထောင်ချင်တော့ဘူး "
" လူကိုစိတ်မရှည်ရင် နန်းဆောင်ကိုမလာခဲ့နဲ့ သွား အလိုမရှိပါဘူး "
"မောင်တော်ကဘာပြောနေလို့လဲ ဗိုက်ပူလေးက ချစ်ဖို့ကောင်းတယ်လို့ပြောတာပါ "
" ဟွန့် အပြောကောင်းလို့မှတ်ပါ "
မင်းကြီးကိုအားပြုကာနန်းဆောင်အတွင်းလမ်းလျှောက်နေရင်းကိုပင်နှစ်ဉီးသားအခြေအတင်ဖြစ်နေကြသေးသည်။လရင့်လာတာနဲ့စိတ်လက်တစ်ဆစ်ဖြစ်လာတဲ့ မိဖုရားမင်ရာနဲ့ အမြဲအလျော့ပေးပြီးအလိုလိုက်နေတဲ့မင်းကြီးဟာနေ့တိုင်းစကားပြိုင်ကြသည်။
" အာ......မောင်တော် !! "
"ဘာ ဘာဖြစ်လို့လဲ သက်ညှာ.....?? "
" သားတော်ကကန်တယ်......ခဏ ခဏဘဲ လမ်းလျှောက်လို့မရသေးဘူး မင်ထိုင်ချင်တယ် "