Queen part -30

534 53 12
                                    

[Unicode]
နံနက်ဝေလီဝေလင်းအချိန်တွင် ကိုယ်ပူတစ်ငွေ့ငွေ့တက်လာသည့်မိဖုရားလေးကလက်နှစ်ဖက်ကိုပို၍တင်းကျပ်စွာဖက်ရင်းရင်ခွင်ထဲခေါင်းတိုးဝင်လာသည်။ခြေထောက်‌ချင်းကိုပတ်လိမ်နေပြီးလှုပ်လီလှုပ်လဲ့ လုပ်နေသည်။အအိပ်ဆက်သည့်မင်းကြီးမှာအမြန်ငုတ်တုပ်ထထိုင်ရင်းမီးအိမ်ကိုထွန်းညှိရသည်။

" သက်ညှာ....!! "

" ချမ်းတယ်......မောင်တော်ဖက်ထားပေး !! "

" ခနလေး ခနလေး သက်ညှာ "

ဝတ်ရုံတော်ကိုလွှား၍ခန်းဆောင်ပြင်ကအထိန်းတော်ဂျင်ကိုခေါ်ဆောင်ရသည်။အော်သံကြား၍ပြာပြာသလဲပြေးလာသည့်ဂျင်နဲ့နန်းတွင်းသူနှစ်ယောက်ဟာခေါင်းကိုငုံကိုင်းပြီးဝင်လာကြသည်။

" မိဖုရားမနာကျမ်းဖြစ်ပြီမို့ လိုအပ်တာတွေယူဆောင်ခဲ့ချေ "

" မှန်လှပါမင်းကြီး "

ခဏအကြာမှာယူဆောင်လာသည့်ပစ္စည်းတွေဖြင့်သန့်ရှင်းမှုကိုအရင်ပြုရသည်။နွေးထွေးသည့်အဝတ်အစားတွေကိုဝတ်ပေးပြီးစောင်ကိုရင်ဘတ်မြုပ်သည်အထိခြုံပေးကာဂျိုင်းနှစ်ဖက်ကနေပွေ့ရင်းရင်ခွင်ထဲထည့်ထားမိသည်။

" နေလို့သာရဲ့လား သက်ညှာ......!! "

" နည်းနည်းနာတယ် "

" မဖြစ်တော့ပါဘူး အကောင်းဆုံးအားဆေးတွေ နန်းတွင်းသမားတော်ဌာနကိုထုတ်လုပ်ခိုင်းမှရတော့မယ် "

" မောင်တော် အိပ်ရေးပျက်ရပြီ "

" ဘယ်ကသာ မောင်တော်ကဒီလိုအချိန်ဆို မင်ယွန်းနဲ့ဓားရေးလေ့ကျင့်နေကြပါ သူမရှိလို့ "

" မင်ဝမ်းနည်းတယ်
မောင်တော်ပင်ပန်းရပြီ "

" သွေးသားချင်းနှီးနောပြီးသားလူတွေမဟုတ်လား မင်မပြောရင်တောင်မောင်တော်အလိုလိုသိပါတယ်

အားနာစရာမှမဟုတ်တာ ပျော်အောင်အိပ်တော့ သက်ညှာ "

" မောင်တော်ခေါင်းပွတ်ပေးလေ "

" ‌ကောင်းပြီဗျာ.......သက်ညှာလေးကိုသိပ်ပြီးရင် မောင်တော်ညီလာခံအတွက်ပြင်ဆင်‌ရတော့မယ် "

Queen Where stories live. Discover now