Queen part _34🚨🔞

951 52 4
                                    

[Unicode]
ကိုယ်ဝန်ဆောင်တွေဟာလရင့်လာပြီမို့ ဖြစ်လေ့ဖြစ်ထရှိသည့်တောင့်တခြင်းတွေ၊နာကျင်ကိုက်ခဲခြင်းတွေဖြစ်ပေါ်လာပြီဖြစ်သည်။

" မိဖုရားဆိုဝွန်းအဆောင်တော်ကို နန်းတွင်းသူတွေထပ်မံတိုးမြင့်ပေးလိုက်ပါ......"

" မှန်လှပါမင်းကြီး ယခုဘဲဆောင်ရွက်လိုက်ပါ့မယ် "

" မိဖုရားမင်ရာအဆောင်ကိုသမားတော်တစ်ယောက်ပို့ထားပြီးလေးနာရီခြားတစ်ခါကျမ်းမာရေးစစ်ဆေးပါစေ "

" မှန်လှပါမင်းကြီး "

ညီလာခံပြီးတာနဲ့မင်းကြီးကအထိန်းတော်၊နန်းတွင်းသူတွေကိုခေါ်ကာမှားကြားနေတာဖြစ်သည်။

" နွားနို့.....နို့သောက်ချင်တယ်

လီ‌ယောင်း ငါနို့အေးအေးလေး‌သောက်ချင်တယ် "

" အေးပါကွာ ခနဘဲစောင့်နော် လုပ်ခိုင်းထားတယ် "

" နို့လည်းကိုင်ချင်တယ် မင်းပေးကိုင်စမ်းပါကွာ "

" ကျားမြီးသာပြေးဆွဲခိုင်းစမ်းပါမင်ရာရယ် ငါ့လည်ပင်းမပြတ်ချင်သေးဘူးရယ် မင်းစာနာပါကွာ "

" ဟင့်.....သူ့ဟာသူဖြစ်နေတာကို ငါကဘာလုပ်နိုင်မှာလည်းလို့

မင်းပေးမကိုင်ရင်နေ မောင့်တော့်ကိုသွားခေါ်ပေးအခု.....အခုချက်ချင်းနော်လီယောင်း "

လီ‌ယောင်းတစ်ယောက်မင်းကြီးနန်းဆောင်ညခင်းကြီးကိုသွားနေရသည်။မဟုတ်ရင်စိတ်ဆိုးနေသည့်မိဖုရားလေးကချွန်လိုက်မှအသက်ပျောက်နေနိုင်သည်။

" မင်းကြီး!! လီယောင်းအခစားဝင်ကြောင်းပါ "

" ဘာ‌အတွေအထူးရှိလို့လဲ လီယောင်း "

" မင်ရာ.....မိဖုရားကမင်းကြီးကိုအခေါ်တော်လွတ်လိုက်ကြောင်းပါ "

" ကောင်းပြီ သွားကြတာပေါ့ ဂျင်..... မောင်မင်းဘဲဆက်လုပ်လိုက်တော့ "

မင်းကြီးဟာမီးလုံးအိမ်ကိုင်တစ်ယောက်နှင့်သာမိဖုရား‌အဆောင်သို့အလျှင်အမြန်ကိုသွားသည်။ထိုအခန်းတွင်းတွေ့လိုက်ရသည်ကမိဖုရားမင်ရာမဟုတ်ဘဲအပျော်မယ်တစ်ယောက်သာရှိနေသည်။

Queen Where stories live. Discover now