Queen part -31

553 52 9
                                    

[Unicode]
ရက်တွေလတွေကြာညောင်းလို့သမီးတော်လေးပညာသင်ကာလတောင်သုံးလပြည့်တော့မည်ဖြစ်သည်။တိုင်စာဖတ်နေသည့်မင်းကြီးအနားလက်တစ်ဖက်ကိုချိတ်ကာလှုပ်ရမ်းရင်းလိုချင်တာကိုတောင်းဆိုသည်။

" မောင်တော်.....!! "

" ပြောပါသက်ညှာ "

" ယူနာလေးဆီ သွားကြရအောင်လေ နော် "

" ညီလာခံတစ်ရက်ပျက်ပြီးသွားကြတာပေါ့....."

" ဟုတ် ဟုတ် "

" မင်း.....မင်ကြီး "

" ဘာဖြစ်လာသလဲဂျင် "

အပန်းဖြေဆောင်ထဲကိုဂျင်ကအလောတကြီးပြေးဝင်လာမို့သက်ညှာမျက်လုံးလေးတွေတောင်ပြူးနေသည်။

" မိဖုရားဆိုဝွန်းမူးလဲလို့ပါတဲ့ သမားတော်တွေအနောက်နန်းဆောင်ကိုဉီးတည်သွားနေကြကြောင်းပါ "

" သွားပါစေလေ.....အရေးမကြီးရင်ရှပ်ပြာရှပ်ပြာမလုပ်နဲ့ဂျင်!!
သက်ညှာလန့်နေပြီ "

" မှန်လှပါမင်းကြီး "

" မောင်တော်ခဏတော့သွားကြည့်မှရမယ်သက်ညှာ "

" မင်လည်းလိုက်မယ် မောင်တော် "

နှစ်ဉီးသားလက်ကိုတွဲလျက် အရွှေရံတွေနဲ့အတူအနောက်နန်းဆောင်ကိုအသာအယာကြွချီသည်။အဆောင်တော်ထဲမှာ သမားတော်တွေနဲ့သူမ၏အထိန်းတော်တွေရှိနေသည်။

" မင်းကြီး.....ဂုဏ်ယူပါတယ် မိဖုရားဆိုဝွန်းမှာ နန်းသွေးတည်ရှိနေကြောင်းပါ "

ထိုစကားကြောင့်မင်းကြီးမှလွဲ၍အားလုံးကဝမ်းသာနေကြသည်။သက်ညှာဆိုအရမ်း‌ကိုပျော်နေသည်။လက်တွဲဖြုတ်ပြီးသူမဘေးကိုထိုင်၍လက်ကိုဆုပ်ကိုင်ကာနဖူးကိုသပ်တင်ပေးမိသည်။

" ပင်ပန်းသွားပြီ နှမငယ် ကျေးဇူးပါ နန်းသွေးကိုအောင်အောင်မြင်မြင်ဖွားမြင်နိုင်ပါစေလို့ ကိုယ်တော်ဆုတောင်းပေးပါတယ် "

" ကျမ်းမာပါစေ ဆိုဝွန်း "

" ကျေးဇူးတင်ပါတယ် မင်းကြီးနဲ့မိဖုရားမင်ရာ "

" ဆံထိုးတော်ကိုပြောင်းလဲစေပြီး ယခင်ထက်အခြံအရံပိုများစေ !! "

Queen Where stories live. Discover now