[Unicode]
ရဲတိုက်ကြီးရဲ့အပေါ်ထပ်မှာ ပါမောက္ခကင်နမ်းဂျွန်းဖြင့် ပတ်ဂျီမင်းတစ်ယောက်စာသင်နေသည်။ ဒီရက်ပိုင်းစာမေးပွဲလည်းရှိသေးတာမို့ အချိန်တော်တော်များများစာလုပ်ဖြစ်နေသည်။ခြံထဲကိုဝင်လာတဲ့ ဂျွန့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူမိန်းကလေးတစ်ယောက်လည်းပါလာသေးသည်။ နတ်ဆရာတစ်ပါးလိုအဆောင်အယောင်နဲ့မိန်းကလေးကို ဂျွန်ကဘာလို့ထွက်ကြိုနေတာပါလိမ့်။" ဂျီမင်းမိဖုရားလေး.....အိပ်ချင်ပြေအောင် စပျစ်သီးသုပ်လာပေးတယ်
ဆရာအတွက်ရောပါတယ် "
" ကျေးဇူး ဂျင်
ဂျီမင်းစာကိုသေချာကြည့် !! "
" ဂျင်....ဟိုမိန်းကလေးကဘယ်သူတုန်း "
" သူလေးကနတ်ဆရာမကြီးရဲ့နောက်ဆုံးမျိုးဆက်ပါ "
" ဘာ..... အဲ့အဖွားကြီးပြောလို့ ဖြစ်ကုန်တာ ပါးစပ်စီးတဲ့အဖွားကြီး သူတို့ကိုမမြင်ချင်ဘူး
ထွက်သွားခိုင်း.....ထွက်သွားခိုင်း !! "
" ဂျီမင်းစိတ်လျော့ပါ...... တဇွတ်ထိုးတွေမလုပ်ပါနဲ့ "
နတ်ဆရာမမျိုးဆက်ဆိုတာသိတာနဲ့ ထိုင်နေရာကနေထကာတံခါးဖွင့်ပြီးအောက်ထပ်ဆင်းဖို့လုပ်နေတာမို့ နမ်ဂျွန်းနဲ့ဂျင်ဆွဲထိန်းထားရသည်။မိဖုရားဘဝတုန်းကအေးချမ်းပင်မဲ့ အခုဘဝမှာကျ ကောင်ဆိုးလေးမို့နှစ်ယောက်ထိန်းတာတောင်မနိုင်ချင်ပေ။
" သားတော်တွေ.....ငါ့သားတော်တွေလေ မင်ဝူလေးဆို ငါ့လက်နဲ့ ငါ့လက်......!! အား.....!!
အား......ငါသူတို့ကိုမမြင်ချင်ဘူး အကုန်ထွက်သွားခိုင်း ငါ့ဘဝကိုစုတ်ပြတ်သတ်အောင်လုပ်သွားတာ.....!! "
" စိတ်ထိန်းပါ ဂျီမင်း..... မင်းကြီးကနေမကောင်းဘူးလေ ဆေးကုဖို့အတွက်ရောက်လာတာပါ "
"မကုရဘူး မောင်တော့်အသားကိုသူတို့မထိရဘူး ငါကုပေးမှာ ငါကုတက်တယ်
ကျွန်တော် ကုပေးမှာ မောင်တော်ဘာမှမဖြစ်ရဘူး "
" ဂျီမင်း.....ဂျီမင်း.....ကျစ်
ငါ့ကဘယ်ဘဝရောက်ရောက် လိုက်ဆွဲရတဲ့ ဝဋ်မကျွတ်ပါလားနော် "
သူတို့နှစ်ယောက်လည်းဂျီမင်းနောက်ပြေးလိုက်ရသည်။ဂျွန့်အခန်းရှေ့မှာရပ်နေကြတဲ့ bodyguard တွေအပြင် အရင်ဘဝတုန်းကမောင့်တော့်ရဲ့ကိုယ်ရံတော်တပ်မှူး မင်ယွန်းကိုတွေ့လိုက်ရသည်။ မိမိကိုမြင်တာနဲ့ခေါင်းငုံအရိုသေပေးပြီး တံခါးကိုဖွင့်ပေးသည်။