Queen part _10

928 73 8
                                    

[Unicode]
ချယ်ရီကမ္ဘာလို့တင်စားနိုင်တဲ့မြောင်နိုင်ငံဟာ သင်္ဘောဆိုက်ကပ်ရာဆိပ်ကမ်း၌ချယ်ရီပန်းရနံကသင်းပျံနေသည်။ ဂျိုဆွန်းဘုရင်ကိုကြိုဆိုဖို့စောင့်နေကြတဲ့ပညာရှိအမတ်နဲ့ရဲမက်တစ်ကျိပ်ကိုတွေ့ရသည်။

" ဘုန်းတခိုးကြီးမားလှတဲ့ဂျိုဆွန်းပြည့်ရှင်ကို ကျွန်တော်မျိုးအ‌ရိုအသေပေးပါတယ်....."

" ထစေ.....မြောင်နိုင်ငံကအတော်သာယာသကိုး ကိုယ်တော်သဘောချိုက်တော်မူတယ် "

" ပြည့်ရှင်မင်းကြီးစောင့်နေ၍ နန်းတော်သို့ကြွသင့်ကြောင်းပါဘုရား......"

" ဂျင်......ဝေါယာဉ်ပြင်လိုက် ကိုယ်တော် မြောင်နန်းတော်ကိုကြွမြန်းတော်မူမယ် "

လုလင်ပျို ဆယ့်နှစ်ယောက်ထမ်းဆောင်တဲ့ဂျိုဆွန်းဘုရင်ဝေါယာဉ်က မြောင်ဆိပ်ကမ်းကတဆင့် နန်းတော်ဆီဉီးတည်နေသည်။ မြင်းတပ်၊မြားတပ်၊‌ခြေလျင်တပ်တွေပါတစ်စုတစ်စည်းနဲ့ချီတက်နေပုံက ရှင်ဘုရင်တစ်ယောက်ရဲ့လက်ရုံးရည်ကိုဖော်ပြနေသည်။

" ဂျိုဆွန်းပြည့်ရှင်ကို နှုတ်ခွန်းဆက်သပါတယ် မြောင်နိုင်ငံမှာပျော်သလောက်နေပါ  "

" ကျုပ် ဂျိုဆွန်းဘုရင် ဂျွန်လီဝူ မြောင်ပြည့်ရှင်အား နှုတ်ခွန်းဆက်သပါတယ်......

အခါအခွင့်သင့်ရင် ဂျိုဆွန်းပြည်ကို ပြန်လည်ဖိတ်ကြားပါရစေ "

" ပွဲတော်တည်ရင်း မြောင်ရိုးရာအကလေးနဲ့ဧည့်ခံပါရစေ....."

ကျစ်ဆံမြီးကျစ်ထားတဲ့ဆံပင်ကခါးလည်ထိရှည်နေပြီး ဉီးခေါင်းထိပ်၌သူတို့ရိုးရာ ရွှေကွတ်ထားတဲ့အနီရောင်မကိုဠ်ကိုဝတ်ဆင်ထားသည်။ကြက်သွေးရောင်ရှင်ဘုရင်ဝတ်‌စုံကိုဆင်မြန်းထားပြီး အဝါရောင်ခြုံထည်ကိုကျော၌ထပ်ကာဝတ်ဆင်ထားသည်။

ပြည့်ရှင်မင်းအမိန့်ကျတာနဲ့သာယာနာပျော်ဖွယ်စောင်းသံလေးထွက်လာပြီး နန်းတွင်းအလှမယ်ဆယ့်နှစ်ယောက်ထွက်ပေါ်လာသည်။ ရင်ဘတ်ကိုကန့်လန့်ဖြတ်စီးထားတဲ့ပုဝါအဖြူ၊ရွှေဝါရောင်ပုဝါကို ခြေမျက်စိဖုံးသည်အထိလုံခြုံစွာဝတ်ဆင်ထားပြီး ဘေးနှစ်ဖက်ကိုပေါင်လည်ထိခွဲထားသည်။စက်ဝိုင်းပုံသဏ္ဌန်နေရာယူကာ လက်နှစ်ဖက်ယှဉ်ထွက်လာပြီး ညာခြေထောက်လေးတွေကြွကာရှေ့ကိုဆန့်ထုတ်လိုက်တဲ့အခါပုရိသတို့မလွဲရှောင်နိုင်တဲ့ကာမစိတ်တွေနိုးကြွလာရသည်။ ခုန်ပေါက်လိုက်တိုင်းမြှောက်တက်သွားလို့လှစ်ဟာလာတဲ့ပေါင်တွင်းသားဖွေးဖွေးလေးတွေက ခရီးပန်းလာသမျှကို‌စုပ်ယူပစ်သလိုအမောပြေရသည်။

Queen Where stories live. Discover now